ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၃၇၉ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း   ဖေဖော်ဝါရီ   ၁၃


ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၂၆၃၇၉ ဦးထပ်မံတွေ့ရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ တွင် ပြောကြားသည်။


အဆိုပါ တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၂၆၃၇၂ ဦးသည် ပြည်တွင်း ၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့်  ၅၈ ဦးသည် ပြည်ပမှ  ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း     ၂၅၁၀၈၆၀  ရှိကြောင်းနှင့်  ရောဂါကြောင့်  သေဆုံးသူပေါင်း ၃၈၉၄၆ ဦးရှိကြောင်း    ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက   ပြောကြား သည်။  ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်  ဆေးရုံအသီးသီးမှ   ဆင်းခွင့်ရရှိသူပေါင်း ၂၂၂၆၇၅၄ ဦးရှိကြောင်း သိရ သည်။


ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု       အစီအစဉ်အောက်တွင် ကာကွယ်ဆေးအလုံးရေ ၁၈၅ ဒသမ ၇ သန်းခန့် အသုံးပြုပြီးဖြစ်ကြောင်း၊ ယင်းကာကွယ်ဆေးများ အနက် ၃၁  ဒသမ ၈ သန်းအား   တတိယအကြိမ် အပိုဆောင်းထိုးနှံရာတွင် အသုံးပြုခဲ့ကြောင်း သိရ သည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်