
ဟနွိုင်း ဩဂုတ် ၁၅
ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်း၌ ယခုနှစ် လက်ရှိအချိန် အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁၈၀ ရှိပြီး တစ်နှစ် ထက်တစ်နှစ် ၅ ဒသမ ၇ ဆ မြင့်တက်လာကြောင်း ဩဂုတ် ၁၅ ရက်က ဒေသတွင်းသတင်းစာ ဗီယက်နမ်နယူးစ်၏ ဖော်ပြချက် အရ သိရသည်။
မြို့တော်ဟနွိုင်းသည် လူဦး ရေ သိပ်သည်းမှု၊ ရောဂါကူးစက်နှုန်း မြင့်မားမှုတို့ကြောင့် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားရာ အဓိကနေရာ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ပိုးမွှားဗေဒဦးစီးဌာနမှ အကြီးအကဲဖြစ်သူ ငုယင်ဗန်ဒေါင် ၏ ပြောကြားချက်အရ သိရသည်။
ယခင်နှစ်များထက် စော၍ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ် လာသည့်အတွက် မကြာမီကာလ အတွင်း သွေးလွန်တုပ်ကွေး ရောဂါအခြေအနေမှာ ဆိုးရွားလာ ဖွယ်ရှိကြောင်း ဟနွိုင်းရောဂါ ထိန်းချုပ်ရေးစင်တာ (စီဒီစီ) က ခန့်မှန်းထားသည်။ ဟနွိုင်းတွင် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ နှင့် ဒီဇင်ဘာလကြားတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား လေ့ရှိသော်လည်း ယခုနှစ် သွေး လွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ် ပွားမှုမှာ ပုံမှန်ထက်စောစွာ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။
ယခုနှစ်အစပိုင်းမှ စတင်ကာ ဗီယက်နမ်နိုင်ငံသည် သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွား သူ ၅၇၀၀၀ နီးပါး စံချိန်တင် တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၁၃ ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ