
ဟနွိုင်း ဇန်နဝါရီ ၂၅
ဗီယက်နမ်နိုင်ငံ၌ ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၅၇၄၃ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပ ကူးစက်ဖြစ်ပွားသူ ၄၄ ဦးနှင့် ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၁၅၆၉၉ ဦးဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၁၇၁၅၂၇ ဦးအထိ ရှိလာပြီး ၃၇၀၁၀ သေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ဗီယက်နမ်မြို့တော် ဟနွိုင်း သည် ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ် ကာ ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၅၆ ဦး ရှိခဲ့သည်။ ထို့နောက် ဒါနန်မြို့တွင် ၉၈၆ ဦးနှင့် မြောက်ပိုင်း ဟိုင်ဖွန် မြို့တွင် ၇၀၄ ဦး ရှိခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာလာသူ ၁၉၀၄၀၆၉ ဦး ရှိလာပြီး တတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၂၄ ဒသမ ၆ သန်း အပါ အဝင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၁၇၇ ဒသမ ၄ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဗီယက်နမ် နိုင်ငံသည် ပြင်းထန်သည့်နှုန်းဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် လေးခုလုံး၏ ရိုက်ခတ်ခြင်းကို ယခုအချိန်အထိ ခံနေရဆဲဖြစ် သည်။ လွန်ခဲ့သောနှစ် ဧပြီလနှောင်း ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် လက်ရှိ ကိုဗစ်-၁၉ လှိုင်းဂယက်ကြောင့် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂ ဒသမ ၁၆ သန်း ရှိခဲ့သည်။ ဆင်ဟွာ