
ဟနွိုင်း စက်တင်ဘာ ၆
ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၂၄၈၁ ဦးရှိလာ ကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ လေးဦးနှင့် ပြည်တွင်း ကူးစက်သူ ၁၂၄၇၇ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၅၃၆၇၈၈ ဦးအထိ ရှိလာပြီး ၁၃၃၈၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြသည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၇၁၂၂ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၂၁၉၄ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၈၇၁ ဦးတို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ၃၀၁၄၅၇ ဦး ရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၂၂ သန်းကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ