
ဟနွိုင်း ဇွန် ၁
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စီးပွားဖြစ် စတင်ပြေးဆွဲပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော ကက်လင်း-ဟာဒေါင် မြေအောက်မီးရထားလိုင်း ကို ခရီးသည် ၃ ဒသမ ၁ သန်းကျော် လိုက်ပါစီးနင်းကြကြောင်း ဗီယက်နမ်သတင်းဌာနတစ်ခုက ဇွန် ၁ ရက်တွင် ပြောသည်။
ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးမြေအောက်မီးရထားလိုင်းကို နေ့စဉ် ခရီးသည်ပျမ်းမျှအရေအတွက် ရုံးဖွင့်ရက်များတွင် ၂၁၀၀၀ မှ ၂၂၀၀၀ ဦးအထိ ရှိပြီး ရုံးပိတ်ရက်များတွင် ၂၅၀၀၀ မှ ၃၀၀၀၀ အထိရှိကြောင်း သိရသည်။ လက်ရှိတွင် မြို့ပြအဆင့်မြင့်မီးရထားလမ်း ကက်လင်း-ဟာဒေါင်သို့ ဘတ်စ်ကားလိုင်း ၅၄ လိုင်း ချိတ်ဆက်ထားကြောင်း သိရသည်။
ဆင်ဟွာ