ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်နှင့် ကာကွယ်ဆေးများ၏ အစွမ်းထက်မှုပမာဏ

 

နှင်းမိုးအိမ်

 

ဗီဇပြောင်းကိုဗစ် - ၁၉ ကူးစက်မှုများ ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိရာ ထုတ်လုပ် ပြီးသား ကာကွယ်ဆေးများမှာ  ဗီဇပြောင်းကိုဗစ် -၁၉ ကို ကာကွယ်နိုင်စွမ်း ရှိ မရှိ စိုးရိမ်နေကြရသည်။

 

မျှော်လင့်ချက် ရောင်ခြည်သန်းစေ


Johnson & Johnson   ကိုဗစ်-၁၉ ကာကွယ်ဆေးသည်     ဗီဇပြောင်း ဒယ်လ်တာကို အစွမ်းထက်စွာ ကာကွယ် နိုင်စွမ်းရှိသည်ဟု     လေ့လာမှုတစ်ခု အရသိရသည်။  စီးပွားရေးကောင်းမွန် သောဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကူးစက်မှု တစ်ရှိန်ထိုး   တိုးလာနေခြင်းကြောင့် စိတ်ပူပန်နေရပြီး Johnson & Joh-nson  ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဗီဇပြောင်းဒယ်လ်တာကို ကာကွယ်ပေး နိုင်စွမ်းရှိသည်ဟု   လေ့လာထားရှိမှု ကြောင့် မျှော်လင့်ချက်ရောင်ခြည်သန်း စေသည်။


ဓာတ်ခွဲခန်းလေ့လာမှုတွင် ပါဝင်ခဲ့ သည့် Johnson & Johnson ကာကွယ် ဆေးထိုးပြီးသား  လူရှစ်ဦး၏   သွေး နမူနာများကို   လေ့လာမှုပြုရာ    ဗီဇ ပြောင်းဒယ်လ်တာကို    ခုခံကာကွယ်နိုင် သည်ဟု တွေ့ရသည်။ 


ကာလရှည်ကြာ ကာကွယ်ပေးနိုင်


အစောပိုင်းက   ပြုလုပ်ထားသည့် လက်တွေ့စမ်းသပ်မှုများအရ   Joh-nson  &  Johnson   ကာကွယ်ဆေး သည့်ရောဂါလက္ခဏာပြသည့် ကူးစက် မှုများကိုလည်း   ၆၆    ရာခိုင်နှုန်း ကာကွယ်ပေးသည်ဟု    သိရသည်။ 


Johnson & Johnson ကာကွယ် ဆေးမှာ     ဗီဇပြောင်းဒယ်လ်တာကို ကာကွယ်ပေးနိုင်သည့်အပြင်  ကိုဗစ်-၁၉   ကိုလည်း     ကာလရှည်ကြာ ကာကွယ်ပေးနိုင်သည်ဟု    ယုံကြည် ကြောင်း Johnson & Johnson မှ သိပ္ပံ ပိုင်းဆိုင်ရာ     ခေါင်းဆောင်ဖြစ်သည့် ပေါလ်စတော့ဖီးက ပြောသည်။   Joh-nson & Johnson  ကာကွယ်ဆေးကိုတစ်ကြိမ်မျှထိုးရုံဖြင့်   ဗီဇပြောင်းများ ကို   ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု လက်တွေ့စမ်းသပ်မှုများက ပြသလျက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။ 


ဖော်ညွှန်းပြသလျက်ရှိ


ယခုအချိန်အထိ ဖော်ပြလျက်ရှိသည့် အချက်အလက်များအရ  အမေရိကန်က ခွင့်ပြုပေးထားသည့်   ကာကွယ်ဆေး သုံးမျိုးမှာ   ဗီဇပြောင်းကိုဗစ် - ၁၉   ကို ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု ဖော်ညွှန်း ပြသလျက်ရှိသည်။ 


ဗြိတိန်ကျန်းမာရေး    အာဏာပိုင် များ၏ လေ့လာဆန်းစစ်မှုအရ ဖိုက်ဇာ-ဘီအွန်တက်ခ် ကာကွယ်ဆေးသည်    ဗီဇ ပြောင်းဒယ်လ်တာကြောင့် ဖြစ်ပေါ်ရသည့် ဆေးရုံတက်ကုသရမှုကို ၉၆ ရာခိုင်နှုန်း  အကာအကွယ်ပေးနိုင်သည်ဟု    သိရ သည်။ 


အဆိုပါ   ဗီဇပြောင်းကိုဗစ် -၁၉ မှာ  အိန္ဒိယတွင်    ပထမဦးဆုံးတွေ့ရှိရသည့် ဗီဇပြောင်းကိုဗစ် -၁၉ ဖြစ်သည်။ 


စိုးရိမ်ပူပန်မှုများပေါ်ပေါက်


 မိုဒါးနားကုမ္ပဏီကလည်း၎င်းတို့၏ mRNA  ကာကွယ်ဆေးမှာ  ဗီဇပြောင်း ဒယ်လ်တာကို အတော်အသင့်ကာကွယ် ပေးနိုင်သည်ဟု ဇွန် ၂၉ ရက်တွင်ပြောကြား ခဲ့သည်။


လက်တွေ့စမ်းသပ်မှုများမှ  ရရှိလာ သည့်   အချက်အလက်များကို    အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးမှ သုံးသပ် ခဲ့ပြီး  မိုဒါးနားကာကွယ်ဆေးမှာ ကိုဗစ် -၁၉ ကူးစက်မှုကို ၉၄ ဒသမ ၁ ရာခိုင်နှုန်း အကာအကွယ်ပေးနိုင်သည်ဟု ဖော်ပြ လျက်ရှိသည်။ 
ယခုထုတ်လုပ်ထားသည့် ကိုဗစ်  -၁၉ ကာကွယ်ဆေးများမှာ ဗီဇပြောင်းကိုဗစ် -၁၉   ဒယ်လ်တာကူးစက်မှုကို    မည်မျှ အကာအကွယ်ပေးနိုင်မည်နည်းဟု စိုးရိမ် ပူပန်မှုများ ပေါ်ပေါက်လာသည်။ 


ထုတ်ဖော်ပြသခဲ့


ဒယ်လ်တာကူးစက်မှုကို   နိုင်ငံပေါင်း ၁၀၀ တွင်   တွေ့ရှိနေရပြီ   ဖြစ်သည်။  အင်္ဂလန်ပြည်သူ့    ကျန်းမာရေးဌာနက လည်း  အောက်စဖို့ဒ် အက်စ်ထရာဇနီကာ ကာကွယ်ဆေးမှာ ဗီဇပြောင်းဒယ်လ်တာ ကူးစက်မှုကို     အကာအကွယ်ပေးနိုင် စွမ်းရှိသည်ဟု     ၎င်းတို့၏    လေ့လာမှု အချက်အလက်များကို    ထုတ်ဖော်ပြသ ခဲ့သည်။


အောက်စဖို့ဒ် _အက်စ်ထရာဇနီကာ ကိုဗစ် -၁၉    ကာကွယ်ဆေးနှင့် တူညီ သည့်နည်းပညာအပေါ်    အခြေခံထား သည့် Johnson & Johnson ကာကွယ် ဆေး   ၁၂   သန်းနီးပါး       အမေရိကန် ပြည်ထောင်စုတွင်      ထိုးနှံပေးပြီးဖြစ် သည်။ 


ထောက်ပံ့ပေးသွားမည်


Johnson & Johnson ကာကွယ် ဆေးမှာတစ်ကြိမ်သာထိုးရန်   လိုအပ်ပြီး ဈေးနှုန်းသက်သာသည့်   အတွက်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသက်ကယ် ဆေးပင်ဖြစ်သည်။     ကာကွယ်ဆေး သန်း  ၂၀၀  ကို   ကိုဗစ်အစီအစဉ်မှတစ်ဆင့် ထောက်ပံ့ပေးသွားမည်ဟု   Johnson & Johnson မှ  မေလအတွင်း   ကြေညာ ခဲ့သည်။  


တစ်ကမ္ဘာလုံးအနှံ့    ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ညီညီမျှမျှ  ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ထိုသို့လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ 
ခေတ္တဆိုင်းငံ့


မကြာသေးမီ     သီတင်းပတ်များ အတွင်းကလည်း    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည် ကိုဗစ် -၁၉ ကြောင့် အကြီးအကျယ်ထိခိုက်ခံစားနေရ သည့်   ဘရာဇီးနိုင်ငံကို   ကာကွယ်ဆေး ၅ ဒသမ ၅  သန်း    ပေးပို့သွားမည်ဟု ကြေညာခဲ့သည်။  Johnson & Johnson ကာကွယ်ဆေးထိုးနှံပြီးနောက် သွေးခဲ သည့်ပြဿနာပေါ်ပေါက်သည့်ဟု  သတင်း များ ထွက်ပေါ်လာသည်။ သို့သော်လည်း ရှားပါးသည့်ဖြစ်စဉ်ဖြစ်သည်။ 


ယင်းသတင်းကြောင့်   အမေရိကန် ပြည်ထောင်စုတွင် ဧပြီလအတွင်းမှ စတင် ကာ အဆိုပါကာကွယ်ဆေးထိုးပေးမှုကိုခေတ္တအားဖြင့် ဆိုင်းငံ့ထားခဲ့ရသည်။


သတိပေးမှုများပြုလုပ်


 အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနတို့၏ လုံခြုံစိတ်ချရသော လေ့လာသုံးသပ်မှုများပြီးနောက် ယင်း သို့ ဆိုင်းငံ့ထားမှုကို    ဖြေလျှော့ပေးခဲ့ သည်။


ဥရောပတွင် ကိုဗစ် -၁၉ ကူးစက်မှု များ     ပြန်လည်များပြားလာသည့် အတွက်    ယူရိုဘောလုံးပြိုင်ပွဲများကို သတိထားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက  အလေးအနက်    သတိပေးခဲ့ သည်။ 


ကူးစက်မှုများပြန်လည်များပြားလာ


ကမ္ဘာအနှံ့     ဒယ်တာကူးစက်မှု မြင့်မားနေချိန်တွင် ယခုလို သတိပေးမှု များပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဥရောပ တစ်လွှား ယူရိုဘောလုံးပြိုင်ပွဲ ကြည့်ရှု သူများသည့်   နေရာများတွင်   ရာနှင့်ချီ သည့်  ကူးစက်မှုများကို   တွေ့လာရ သည်။


လာမည့်သီတင်းပတ်အတွင်း ယူရို အကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲကျင်းပ မည့်ဗြတိန်တွင်လည်း   ကူးစက်မှုများ ပြန်လည်များပြားလာသည်။ 


ဆက်လက်များပြားနေဆဲ


ဗြိတိန်တွင် ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးပေးမှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးနေသော်လည်း ကူးစက်မှု များမှာ ဆက်လက်များပြားနေဆဲဖြစ် သည်။ အကယ်၍ စည်းကမ်းတင်းကျပ် မှုများ   မပြုလုပ်ပါက    ဥရောပတွင် ကူးစက်မှုလှိုင်း တစ်ဖန်ဖြစ်ပေါ်လာမည် ဟု  ကုလသမဂ္ဂအေဂျင်စီမှ   ညွှန်ကြား ရေးမှူး ဟန့်စ်ကလူဂီက   သတင်းစာ ရှင်းလင်းပွဲတွင်         ပြောကြားခဲ့  သည်။        ။ 


ကိုးကား - အေအက်ဖ်ပီ၊ ဝါရှင်တန်ပို့စ်