
ဘူးသီးတောင် စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတ ကျောင်းဝင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ယမန် နေ့က ဆီနိုဖမ်း ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက် ရာတွင် ကာကွယ်ဆေးထိုးရန် လာရောက်သည့် အသက် ၆၅ နှစ်နှင့်အထက် ဦးစားပေး စာရင်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းများ ဆောင်ရွက်ကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်၊၊
ဘူးသီးတောင်မြို့နယ် ဂန္ဓာရီပရဟိတ ကျောင်းဝင်းရှိ နေရပ်စွန့်ခွာပြည်သူအိမ်ထောင်စု ၈၇စု၊ လူဦးရေ ၄၇၀ ရှိပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၂၀၆ ဦးရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)