ဘူးသီးတောင်မြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေ စစ်တမ်းကောက်ယူ

 

ဘူးသီးတောင်  မတ်  ၁၇


အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်  ဆန်းစစ်လေ့လာရေးအဖွဲ့၏  ကနဦး လိုအပ်ချက်     ဆန်းစစ်လေ့လာမှုအစီရင်ခံစာ   (Preliminary Needs Assessment-PN) တွင်ပါဝင်သော    အကြံပြုချက်များနှင့်အညီ    ရခိုင် ပြည်နယ်အတွင်း     နေရပ်စွန့်ခွာသူများအား     ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေးအတွက် အာဆီယံနှင့်မြန်မာနိုင်ငံ မှ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ ပထမအဆင့်  ဦးစားပေးစီမံကိန်းခုနစ်ခုကို   အကောင်အထည်ဖော် ဆောင်လျက်ရှိရာ  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌မေယု FM   ရေဒီယိုအစီအစဉ်များကို         ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိသတ်၏  သဘောထားအမြင်များအား  စစ်တမ်းကောက်ယူခြင်းကို  ယနေ့နံနက် ၈  နာရီမှစတင်၍ ဘူးသီးတောင်မြို့ အမှတ်(၁)ရပ်ကွက် တွင်  မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။

 


မေယု FM  ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် မြို့နယ်ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့်    မြန်မာ့အသံနှင့်ရုပ်မြင်သံကြား   ထပ်ဆင့်လွှင့် စက်ရုံ(ဘူးသီးတောင်)မှ   စက်ရုံတာဝန်ခံ  ဦးညီညီသန့်တို့က  မေယု  FM ရေဒီယိုနားထောင်မှုဆိုင်ရာ   စစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး    ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက     ကျန်းမာရေးဝန်ကြီးဌာန၏    ညွှန်ကြားချက်များနှင့် အညီ မေယု FM  ရေဒီယိုနားထောင်မှုဆိုင်ရာ  စစ်တမ်းများကောက်ယူခဲ့ပြီး စစ်တမ်းဖြည့်သွင်းသူများထံ    လက်ဆောင်ပစ္စည်းများ   ပေးအပ်ကြောင်း သိရသည်။

 


အဆိုပါ  မေယု  FM  ရေဒီယိုနားထောင်မှုဆိုင်ရာ  ပရိသတ်များ စစ်တမ်းများကောက်ယူရာတွင် ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြည်သူ ၂၅၀ တို့က စစ်တမ်းဖြည့်သွင်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်ရှိ ဦးမူဟာမတ်ဟူဆိမ်းမှ မေယု FM ရေဒီယိုနားဆင်ရခြင်းနှင့်ပတ်သက်၍ အသံကြည်လင်ပြတ်သားမှုရှိပြီး   ပြည်တွင်းသတင်းများ၊  နေရပ်စွန့်ခွာ သူများအား   ပြန်လည်လက်ခံရေးသတင်းများကို    ကြိုက်နှစ်သက်ပြီး ကျန်းမာရေးသတင်းများ၊ ကိုဗစ်-၁၉ သတင်းများနှင့်နိုင်ငံတော်အကြီးအကဲများ၏    လှုပ်ရှားမှုသတင်းများအား     ထပ်မံထုတ်လွှင့်ပေးစေ လိုကြောင်း အကြံပြုပြောကြားသည်။            

မြို့နယ် (ပြန်/ဆက်)