ဘူးသီးတောင်မြို့၌ ဆောင်းရာသီဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

 

ဘူးသီးတောင်   ဇန်နဝါရီ  ၂၆


ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ် ဘူးသီးတောင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့၏     စီစဉ် ဆောင်ရွက်မှုဖြင့်   ဆောင်းရာသီ     ဖိတ်ခေါ်ဖလား   အလွတ်တန်း အမျိုးသားဘော်လီဘော ပြိုင်ပွဲနှင့်       အမျိုးသမီး    ထုပ်ဆီးတိုးပြိုင်ပွဲ  ဆုပေးပွဲအခမ်းအနားကို ယမန် နေ့ညနေပိုင်းက ဘူးသီးတောင်မြို့ မြို့မအားကစားခန်းမ၌   ကျင်းပ သည်။

 


အဆိုပါဆုပေးပွဲအခမ်းအနား ၌          ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရှိသော (ပန်ဇင်း)အသင်း၊     ဒုတိယဆုရရှိသော   (မီးရထား)အသင်း၊      တတိယဆုရရှိသော ( Member)အသင်းနှင့်  ထုပ်ဆီး တိုးပြိုင်ပွဲတွင်  ပထမဆုရရှိသော    (မီးရထား)အသင်း၊   ဒုတိယဆုရ ရှိသော (ပန်းဇင်)အသင်း၊ တတိယ ဆုရရှိသော (လက်ဝဲဒက်) အသင်း တို့အား        လည်ဆွဲဆုတံဆိပ်၊   ဆုဖလားနှင့်    ပထမ    ငွေကျပ် သုံးသိန်း၊     ဒုတိယ  ငွေကျပ် နှစ်သိန်း၊        တတိယ  ငွေကျပ် တစ်သိန်းဆုများနှင့်    ပြိုင်ပွဲတွင် ပံ့ပိုးကူညီပေးကြသော    အသင်း များအား         ဂုဏ်ပြုဆုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း     သိရ သည်။

 


 အဆိုပါ  ၂၀၂၂ ခုနှစ်  ဘူးသီး တောင်မြို့နယ်    စီမံအုပ်ချုပ်ရေး အဖွဲ့၏     စီစဉ်ဆောင်ရွက်မှုဖြင့် ဆောင်းရာသီ    ဖိတ်ခေါ်ဖလား အလွတ်တန်းအမျိုးသားဘော်လီဘောပြိုင်ပွဲကို  အသင်းရှစ်သင်းနှင့်      အမျိုးသမီးထုပ်ဆီးတိုး ပြိုင်ပွဲ     အသင်းရှစ်သင်းတို့ဖြင့် ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ယှဉ်ပြိုင်ခဲ့ကြကြောင်း      သိရ သည်။

 


လှကျော်( ပြန်/ဆက်)