
ဘူးသီးတောင် နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း သား ၁၆ ဦး လွှတ်ပေးခြင်းအခမ်း အနားကို ယနေ့မွန်းလွဲ ၂ နာရီက ဘူးသီးတောင်မြို့ အကျဉ်းဦးစီး ဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျန်အေးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကျော်ကျော်တို့က လွတ် မြောက်လာသော အကျဉ်းသား များအား ဆုံးမသြဝါဒစကား ပြောကြားသည်။
ထို့နောက် ဘူးသီးတောင် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးဦးအောင်စိုးလှိုင်က အမှာစကား ပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ထောင်ထွက် လက်မှတ်နှင့် စားစရိတ်/ခရီး စရိတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
လှကျော်
(ပြန်/ဆက်)