ဘုရင့်နောင်တံတားအမှတ်(၂)တည်ဆောက်ရေးစီမံကိန်း ရေလမ်းကြောင်းပြန်လည်ဖွင့်လှစ်ခြင်း သတိပေးနှိုုးဆော်ချက်

 

 

ဘုရင့်နောင်တံတားအမှတ်(၂)တည်ဆောက်ရေးစီမံကိန်း ပင်မတံတား ရေလယ်ခန်း သုံးခန်းလုံးကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ၂၅ ရက်နေ့မှ စ၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လှိုင်မြစ်အတွင်း သွားလာနေသော ရေယာဉ်များအားလုံး ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ ရန်ကုန်မှအောင်ဇေယျ ကြိုးတံတားဘက်သွားမည့် ရေယာဉ်များသည် ဘုရင့်နောင်ဘက်ကမ်း RP2 နှင့် RP3 အကြား၊ ရေလယ် ခန်း RP3 နှင့် RP4 အကြား ရေလမ်းကြောင်းနှစ်ခုမှ လည်းကောင်း၊ အောင်ဇေယျကြိုးတံတားမှ ရန်ကုန်ဘက်သွားမည့် ရေယာဉ်များသည် လှိုင်သာယာဘက်ကမ်း RP4 နှင့် RP5 အကြားမှ လည်းကောင်း ဖြတ်သန်းမောင်း နှင်ခွင့်ပြုကြောင်းနှင့် အောက်ပါစည်းကမ်းချက်များအား လိုက်နာကြပါရန် သတိပေးနှိုးဆော်ပါသည်-

 

(၁) ရေယာဉ်အားလုံး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်။

 

(၂) ကုန်တင်ဆောင်ထားသော (ဝန်လေး)ရေယာဉ်အားလုံး ရေအဆန် သာ ဖြတ်သန်းမောင်းနှင်ရန်နှင့် ရေစုန်ဖြတ်သန်းခွင့်မပြု။

 

(၃) ကုန်မပါ(ဝန်ပေါ့)ရေယာဉ်များ ရေအစုန်/အဆန် ဖြတ်သန်းခွင့် ပြုသည်။

 

(၄) တွဲဆွဲ/တွဲတွန်း ရေယာဉ်များ တစ်တွဲဖြင့်သာ ဖြတ်သန်းခွင့်ပြု ပါမည်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်