ဘုရင့်နောင်ကုန်စည်ဒိုင်၌ စားသုံးဆီ တစ်ပိဿာ ၄၃၀၀ ကျပ်ဖြင့် သတ်မှတ်စျေးအတိုင်းစတင်ရောင်းချ

 

ရန်ကုန် စက်တင်ဘာ ၂


ပြည်တွင်း   စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရန် စားသုံး ဆီများကို ဈေးကွက်အတွင်း  ပျံ့နှံ့ ရောက်ရှိစေရန်နှင့် စားသုံးသူများ   သက်သာသောဈေးဖြင့်   ဝယ်ယူ ရရှိနိုင်ရန်အတွက်   မြန်မာနိုင်ငံ ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင် များအသင်းက  စီစဉ်ဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် ရန်ကုန် တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ စားသုံးဆီလက်လီ၊    လက်ကား ကုန်သည်များ၊  ဆီအရောင်းဆိုင် များအနေဖြင့် လက်ကားရည်ညွှန်း ဈေးနှုန်းဖြင့်    ဝယ်ယူရရှိစေရေး အတွက်        ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျက် ရှိသည်။


ယင်းသို့ဆောင်ရွက်ပေးလျက် ရှိရာတွင်  စက်တင်ဘာ  ၂ ရက် က        စားသုံးသူပြည်သူများ လက်ဝယ်တိုက်ရိုက်ရောက်ရှိစေ ရန်    ရည်ရွယ်ပြီး   ဘုရင့်နောင် ကုန်စည်ဒိုင်      ပွဲရုံဝင်းအတွင်း၌ စားသုံးဆီ         တစ်ပိဿာလျှင်   ၄၃၀၀ ကျပ်နှုန်းဖြင့်   OK ဆီနှင့်        ဆန်ရောင်းဝယ်ရေး၊   ဇောတိက ဆီနှင့်       ဆန်ရောင်းဝယ်ရေး၊ ထက်အာကာ     ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေး၊  ဟင်္သာညီနောင် ဆီရောင်းဝယ်ရေး၊ ဇွဲပြည့်အောင် ဆီဆိုင်၊ မသက်သက်ထွန်းဆီဆိုင် တို့က     စားသုံးသူပြည်သူများ လက်ဝယ်သို့     တန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။


“ကျွန်တော်တို့  ကုန်စည်ဒိုင် တွေအနေနဲ့ ယနေ့မှာ ပြည်သူတွေ ကို သက်သာတဲ့သတ်မှတ်ဈေးနှုန်း များအတိုင်း  ရောင်းချပေးနေပါ တယ်။ ဒါ့အပြင် ရပ်ကွက်အတွင်း မှာလည်း ဆီဈေးနှုန်းတည်ငြိမ် စေဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ    အသင်းက မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ကုန်စုံ ဆိုင်များကိုလည်း သတ်မှတ်ဈေး နှုန်းများနဲ့ ဖြန့်ဝေရောင်းချပေးမှု တွေကိုလည်း    ဆောင်ရွက်နေပါ တယ် ” ဟု   ဘုရင့်နောင်ကုန်စည် ဒိုင်ပွဲရုံဝင်းရှိ ဆီကုန်သည်တစ်ဦး က ပြောကြားသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း  အနေ ဖြင့် စားသုံးဆီဈေးနှုန်းတည်ငြိမ် စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ စားသုံးသူများ သက်သာချောင်ချိစွာ  စားသုံးနိုင်ရန်  ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ဘုရင့်နောင်ပွဲရုံ ဝင်းအတွင်းသာမက လှိုင်မြို့နယ် (၁၆)ရပ်ကွက် မာလာမြိုင်လမ်းရှိ ယုန်မလေးကုန်စုံဆိုင်နှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြန်မာ နိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းက သတ်မှတ်ခွဲဝေ ပေးထားသည့် လက်လီ၊ လက်ကား ရောင်းချသည့်  ဆီဆိုင်များတွင်  လည်း အသင်းမှချမှတ်ပေးထား သည့် ဈေးနှုန်းအတိုင်း   ရောင်းချ ပေးလျက်ရှိကြောင်း   သိရသည်။  

   
 အောင်မြင့်(ပြန်/ဆက်)