ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ပူတာအိုမြို့၌ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

 

နေပြည်တော်  ဇန်နဝါရီ  ၁၉


အကြမ်းဖက်သောင်းကျန်းသူများ က ဘုရားစေတီပုထိုးများ၊    ဗုဒ္ဓ ဆင်းတုတော်များအား     ဖျက်ဆီး စော်ကားမှုအား  ကန့်ကွက်ရှုတ်ချ ပွဲများကို      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌    ကျင်းပ ပြုလုပ်လျက်ရှိရာ    ယနေ့တွင် ကချင်ပြည်နယ်    ပူတာအိုမြို့၌ ကျင်းပပြုလုပ်ကြသည်။ 
ဦးစွာ   ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများသည် သတ်မှတ်နေရာ       အသီးသီးမှ ချီတက်စုဝေးကြပြီး  သံဃာတော် များနှင့်  မျိုးချစ်ပြည်သူဦးဆောင် သူများက      ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများ ကို ကန့်ကွက်ကြောင်း ဟောပြော ကြသည်။ 
ထို့နောက်    ကန့်ကွက်ရှုတ်ချ ပွဲသို့ တက်ရောက်လာကြသူများ က   “အကြမ်းဖက်သမားများနှင့် အကြမ်းဖက်    အားပေးထောက်ခံ သူများ (ဆန့်ကျင်ကြ)၊ စေတီပုထိုး နှင့်    ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက် သမားများနှင့်    သာသနာဖျက် များအား (ဆန့်ကျင်ကြ)၊ အကြမ်း ဖက်အားပေး  လောက်ကောင်များ အား (အလိုမရှိ)၊   သာသနာဖျက် အကြမ်းဖက်        သမားများအား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကိုဖျက်ဆီး         စော်ကားနေသည့်   အကြမ်းဖက် သမားများ(ကျရှုံးပါစေ)၊ လူမျိုးရေး ခွဲခြား၊ သာသနာကိုစော်ကားဖျက်ဆီး နေသူများအား   (ဆန့်ကျင်ကြ)၊ စေတီပုထိုး၊  ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက် သမားများ (ကျရှုံးပါစေ)”  စသည့် ကြွေးကြော်သံများ၊  ဆိုင်းဘုတ် များ      ကိုင်ဆောင်၍      ငြိမ်းချမ်း စွာ  ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။        

သတင်းစဉ်