
နေပြည်တော် ဇန်နဝါရီ ၁၈
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အဦများအား ဖျက်ဆီးစော်ကား မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း ကချင် ပြည်နယ် တနိုင်းမြို့နှင့် ဗန်းမော်မြို့တို့၌လည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နှင့် ကွန်ဟိန်းမြို့တို့၌လည်းကောင်း အသီးသီးပြုလုပ်ကြ သည်။ ဦးစွာ ကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက် လာကြသူများသည် သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ် ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက် ကြောင်း ဟောပြောကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက် လာကြသူများက “ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီး နေကြသည့် အကြမ်းဖက်သမားများအား (ဆန့်ကျင် ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ)၊ လူမျိုးရေး ခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်သမားများနှင့် အကြမ်း ဖက် အားပေးထောက်ခံသူများ (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများ အား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကား နေသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)၊ စေတီ ပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများ (ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်