ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁၅


တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊   သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၄ ရက် နှင့်     ယနေ့တွင်     ရှမ်းပြည်နယ်မြောက်ပိုင်း  ကွတ်ခိုင် မြို့ရှိ တောင်တန်းသာသနာပြုကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး    ဗိုလ်တထောင်မြို့နယ် အမှတ်(၂)  ရပ်ကွက်ရှိ    ဓမ္မရက္ခိတကျောင်းတိုက်၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာရှိ မဟာရတနာ လေထီး   တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၊    မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ရေငုံစာသင်တိုက်တို့မှ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ   အမယ် လေးမျိုး၊  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး   အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ သဒ္ဓမ္မ ဇောတိကာရုံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် များအား နေ့ဆွမ်းများကိုလည်းကောင်း  သက်ဆိုင် ရာ     တိုင်းစစ်ဌာနချုပ်များမှ    တာဝန်ရှိသူများက သွားရောက်၍     ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်