ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်    ဩဂုတ်   ၂၁
မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး  စစ်ဆေးပေးခြင်းများကို      ဆောင်ရွက်ပေးလျက် ရှိသည်။
ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ မြစေတီ စာသင်တိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး   အောင်စိုး၊   အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များကသွားရောက်၌  သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက် အကူပြုဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့ မဟာဗောဓိဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အနန်းပင် ရပ်ကွက်ရှိ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်၊ ကွမ်းခြံ ကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာရှိ အာသောကာရုံ ကျောင်းတိုက်၊ ဒလမြို့နယ် ဗညားဒလရပ်ကွက်ရှိ နန်းဦးကျောင်းတိုက်၊     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့   ဓမ္မရိပ်သာကျောင်း၊    ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ   မြို့မပရိယတ္တိစာသင်တိုက်၊  ကျားရုပ် ပရိယတ္တိစာသင်တိုက်၊   မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ဝါကပ်သီတင်းသုံးတော် မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် ၆၄၄၄ ပါး၊ ပြင်ဦးလွင်မြို့နယ် ရွှေမြင်တင် ဘုန်းတော်ကြီးကျောင်း၊   မဟာဂန္ဓာရုံကျောင်းနှင့် အေးမြချမ်းသာ    သီလရှင်စာသင်တိုက်တို့ရှိ ဆရာ  တော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊    ကိုဗစ်-၁၉    ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်  ရှိသူများက     သွားရောက်ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်