ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော်   ဩဂုတ်   ၂၃


မြို့နယ်အသီးသီးရှိ   ဘုန်းတော် ကြီးကျောင်းများ၊    သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး  ကျောင်းများတွင် ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊   ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်းခြင်း       နှင့် ကျန်းမာရေး    စစ်ဆေးပေးခြင်း များကို    ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် ရေးမြို့ နယ် ပုပ္ဖဝတီကျေးရွာရှိ ပုပ္ဖရာမ ကျောင်းတိုက်၊ အစင်စံပြကျေးရွာ ရှိ  သာသနာ့ဇောတိက  ကျောင်း တိုက်နှင့် ထန်းခြောက်ပင်ကျောင်း တိုက်များသို့ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး အောင်စိုး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုမောင်နှင့်    အဖွဲ့ဝင်များက သွားရောက်၍   သံဃာတော်များ အား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ      ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများ ကို ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်း  ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၊    သန်လျင် မြို့နယ်   ဘုရားကုန်းကျေးရွာရှိ အောင်စည်တော်ဓမ္မသိုက်တပ်ဦးကျောင်းတိုက်၊      ဧရာဝတီတိုင်း ဒေသကြီး  ပုသိမ်မြို့  အောင်ဓမ္မ ပါလသာသနာ့      ဗိမာန်တော်၊ အိမ်မဲမြို့ရှိ ကွင်းကျောင်းစာသင် တိုက်၊    ကျောက်ဝိုင်းမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက်၊  မိုးကုတ်ဝိပဿနာ   ဓမ္မရိပ်သာ၊ မန္တလေးတိုင်းဒေသကြီး  ချမ်းမြ သာစည်မြို့နယ်   မဟာဝေယန် ဘုံသာတိုက်၊ မကွေးတိုင်းဒေသ ကြီး ငဖဲမြို့နယ်  ငဖဲမြို့ မိုးကုတ် ဝိပဿနာကျောင်းတိုက်၊    ပဲခူး တိုင်းဒေသကြီး ပြည်မြို့ စန္ဒာရုံ ရပ်ကွက်ရှိ      နန္ဒဝန်ဓမ္မရိပ်သာ ကျောင်းတိုက်နှင့် ဗိုလ်တစ်ထောင် ရပ်ကွက်ရှိ သာသနာ့ ဝေပုလ္လကာရီ သီလရှင်ကျောင်းတို့ရှိ ဆရာတော်၊  သံဃာတော်များနှင့်      သာသနာ့ နွယ်ဝင် သီလရှင်များကို ဆွမ်းဆန်  တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ နယ်မြေခံတပ်မတော် သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက သွားရောက်ဆက်ကပ်  လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။
    သတင်းစဉ်