
ရန်ကုန် ဖေဖော်ဝါရီ ၈
မီးသတ်ဦးစီးဌာနအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ဘုန်းတော်ကြီး ကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန်နှင့် ဗလီ ဘာသာရေးကျောင်း ၃၈ ကျောင်းတို့အား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု အဖြစ် အသိပညာပေး စစ်ဆေးဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
မီးသတ်ဦးစီးဌာနသည် နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများနှင့် ပြည်သူ တို့၏ ပိုင်ဆိုင်မှုများ၊ သဘာဝဘေး အန္တရာယ်အပါအဝင် အခြားသောဘေး အန္တရာယ်များ ကျရောက်လာပါက အရေး ပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားမှုနှင့်အညီ မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် မီးဘေးအန္တရာယ် ကင်းဝေးစေ ရန် ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ သက်ဆိုင်ရာ နယ်ပယ် အသီးသီး၌ မီးဘေးကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
ရှမ်းပြည်နယ်၌ ဘုန်းတော်ကြီး ကျောင်း မီးလောင်မှုတွင် ကိုရင်သာမဏေ အချို့မီးလောင်မှုကြောင့် ပျံလွန်တော်မူ ခဲ့ခြင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီ ၂ ရက် နံနက် ၂ နာရီကျော်က ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်ရှိ ဗလီတွင် မီးအားမြှင့်စက် အပူ လွန်ကဲရာမှ မီးလောင်မှုကြောင့် ၁၃နှစ်၊ ၁၄ နှစ်အရွယ် ကျောင်းသား ၁၃ ဦး မီးခိုး မွှန်၍သေဆုံးခဲ့ခြင်း၊ ၂၀၁၁ ခုနှစ် ဒီဇင် ဘာ ၂၉ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ရပ်ကွက် မေတ္တာမွန်ဝင်းအတွင်းရှိ ဓာတုပစ္စည်းများထားရှိသည့် ဂိုဒေါင် ၁၆ လုံး မီးလောင်မှုကြောင့် ကျား/မ ၁၆ ဦး သေဆုံး၍ မီးသတ်တပ်ဖွဲ့ဝင် ၈၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ရာသီဥတုကို ခြိမ်းခြောက်ခဲ့ သည့် လေးနှစ်တာပျောက်ကွယ်ခဲ့သော အယ်နီညိုမှာ ၂၀၂၄ ခုနှစ်တွင် ပြန်လည် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ရာသီဥတု ဆိုင်ရာ လေ့လာစောင့်ကြည့်သူများက အသိပေးထားပြီး ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်အဖြစ် တောမီးလောင်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ ရေခန်းခြင်း၊ အပူရှိန် မြင့်တက်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် မီးဘေး လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခုနှစ်ဆန်းပိုင်းမှ စ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန်ကျောင်းနှင့် ဗလီကျောင်း ၃၈ ကျောင်းတို့၌ မီးဘေး ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံ ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များနှင့် ပြည်သူလူထုပူးပေါင်း၍ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း သိရသည်။
အောင်သန်းဦး