ဘုန်းကြီးကျောင်းများ၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ စင်တာများသို့‌ ထောက်ပံ့လှူဒါန်း

နေပြည်တော်    ဇန်နဝါရီ    ၁၉


နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့်     တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဘုန်းကြီးကျောင်းများ တွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သာမဏေ များအတွက်   ဆက်ကပ်လှူဒါန်း လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ တစ်ဝန်း   လတ်တလောဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါကြောင့်   တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်    ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများနှင့်   အင်အား ဖြည့်အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့ တွင် မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံနှင့် မြိတ်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ     ဒုတိယဦးစီးမှူး  ဦးဝင်းဘိုဘိုထွန်းတို့က  မြိတ်မြို့ မဇောကျေးရွာအုပ်စု အရှေ့ပျဉ်ချောင်း ကျေးရွာရှိ ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ဆန်၊ ဆီ၊ ကုလားပဲပစ္စည်းများကို  ထောက်ပံ့ လှူဒါန်းရာ ဘရာသာ ဦးစိုးကိုကို၊ ဆရာမ     ဒေါ်တိုးတိုးလွင်တို့က လက်ခံရယူခဲ့သည်။


ထောက်ပံ့လှူဒါန်းသွားမည်


နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့်    ခရိုင်/မြို့နယ်များရှိ ဘုန်းတော်  ကြီးကျောင်း၊  Church ကျောင်း များနှင့်   ကိုဗစ်-၁၉ ကုသရေး စင်တာများသို့လည်း  ဆက်လက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။ 
သတင်းစဉ်