ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်  (၂/၂၀၂၃) ကို   ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး       အစည်းအဝေး ခန်းမ၌ကျင်းပရာ    ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    တက် ရောက်အမှာစကား ပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့       ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်   ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊     ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊     ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်   ဒေါက်တာ ခင်နိုင်ဦးနှင့်   ဒုတိယဝန်ကြီး   ဦးမောင် မောင်ဝင်းတို့       တက်ရောက်ကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် များက   Video Conferencing   ဖြင့် တက်ရောက်ကြသည်။


ဦးစွာ   ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က  အဖွင့်အမှာစကား ပြောကြားရာတွင်   ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး (၂/၂၀၂၃)    တွင်    ပြည်ထောင်စုနှင့်  တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက်  ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများကို  ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်က   အတည်ပြုပေးရန် ဖြစ်ပါကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်   ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ     ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို       ပြည်ထောင်စုအစိုးရ အဖွဲ့မှတစ်ဆင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြ၍ အတည်ပြုပြဋ္ဌာန်းမည် ဖြစ်ပါကြောင်း။


စစ်ဆေးကြပ်မတ်


ဖြည့်စွက်ခွင့်ပြုငွေများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက  နောက်ထပ် ဘဏ္ဍာငွေ      ခွဲဝေသုံးစွဲရေးဥပဒေကို  အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည် ဖြစ်သည့်အတွက်    ဖြည့်စွက်ခွင့်ပြုငွေ သုံးစွဲနိုင်သည့်  ကာလမှာ   (၄)လခန့်သာ  ရှိသည်ကိုလည်း     သတိပြုရမည်ဖြစ်ပါ ကြောင်း၊    ဘဏ္ဍာငွေများကို     များစွာ လျာထားတောင်းခံထားပြီး    မသုံးစွဲနိုင် သဖြင့် ပြန်လည်အပ်နှံခြင်းများ မဖြစ်ပေါ် စေရေးအတွက်    ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် ဘတ်ဂျက် တောင်းခံ သုံးစွဲမှုများနှင့်စပ်လျဉ်းပြီး      အလေးထား စစ်ဆေးကြပ်မတ်ရန် လိုအပ်ပါကြောင်း။
ထို့ပြင်    နိုင်ငံခြားသုံးငွေဖြင့်သုံးစွဲရမည့်   အသုံးစရိတ်များအတွက် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် ဘဏ္ဍာရေးနှစ် အတွင်း   ထပ်မံလိုအပ်ပြီး    နိုင်ငံခြားငွေ ဖြင့်သာ   မဖြစ်မနေပေးချေရမည့်   အသုံး စရိတ်များ၊  ပြည်တွင်း၌    ဝယ်ယူ၍မရနိုင် သဖြင့်   ပြည်ပမှဝယ်ယူတင်သွင်းရမည့် ပစ္စည်းများအတွက်        လိုအပ်သည့် အသုံးစရိတ်များကိုသာ   တောင်းခံရမည် ဖြစ်ပါကြောင်း။


အလေးထားပြောကြား


နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေများ ကို      သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်     ပြည်နယ်အလိုက် ခွင့်ပြုပေးထားပြီးဖြစ်သည့်အတွက် အဆိုပါ ရန်ပုံငွေများကို     အကျိုးရှိထိရောက်စွာ အသုံးချ     ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊    တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် မိမိတို့ဒေသများတွင်  ဝင်ငွေတိုးတက်ရရှိစေရေးအတွက်     ကုန် ထုတ်လုပ်မှုတိုးတက်ရေးကို အလေးထား ပြီး   အားပေးမြှင့်တင်ဆောင်ရွက်ပေးကြစေ လိုပါကြောင်း၊  နိုင်ငံတော်က ချမှတ်ထား သည့်မူဝါဒများကို    အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကဏ္ဍများမှ       ထုတ်ကုန်တိုးတက် ရရှိရေး၊   ဒေသနေပြည်သူများ   အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေးနှင့်   ဝင်ငွေ တိုးတက်ရရှိစေရေးအတွက်      အားပေး မြှင့်တင်ဆောင်ရွက်ပေးရမည်       ဖြစ်ပါ ကြောင်း၊  တိုင်းဒေသကြီးနှင့်    ပြည်နယ် အစိုးရများအနေဖြင့်     ပြည်ထောင်စုမှ ထောက်ပံ့ငွေဖြင့်     အခွန်ဝေစုခွဲဝေပေးမှု များအပေါ် မှီခိုမနေဘဲ   ဝင်ငွေရရှိနိုင်မည့်  နည်းလမ်းများကိုလည်း     ရှာဖွေကြိုးပမ်း ဆောင်ရွက်ကြရန်  အလေးထားပြောကြား လိုပါကြောင်း။


ထို့ပြင်   စားရေရိက္ခာဖူလုံစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်   စိုက်ပျိုးရေး၊    မွေးမြူရေးကဏ္ဍသာမက  ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊  လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊     လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့အပြင်    အခြားကဏ္ဍများ တွင်လည်း         နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်ကျခံ သုံးစွဲပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အစိုးရများအနေဖြင့် ခွင့်ပြုပေးထားသည့်    ဘတ်ဂျက်များကို  အကျိုးရှိရှိအသုံးချနိုင်ရန်      လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ယခုအခါ နိုင်ငံတော် ဘတ်ဂျက်ကို  စနစ်တကျ စိစစ်ရန်၊  သုံးစွဲ ရန်အတွက် “ပြည်ထောင်စုနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ  ကြိုတင်စိစစ် ရေးကော်မတီ” ကို  ဖွဲ့စည်းပေးခဲ့ပြီး စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း။


အလေအလွင့်မရှိ


ပြည်ထောင်စုဝန်ကြီးဌာနများ၊  တိုင်း ဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်    နိုင်ငံတော်က    ထပ်မံခွင့်ပြု လိုက်သည့်          ဖြည့်စွက်ခွင့်ပြုငွေများကို သက်ဆိုင်ရာဒေသနှင့်     ပြည်သူများ၏  လိုအပ်ချက်နှင့်   ကိုက်ညီစေမည့်    ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊     နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို   အထောက် အကူပြုစေမည့်     လုပ်ငန်းများအတွက် ထိရောက်စွာ    သုံးစွဲကြစေလိုပါကြောင်း၊ ထို့ပြင် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်း စီမံကိန်းများ   အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ထားသည့်          ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့်   အသုံးစရိတ်များ အလေအလွင့်မရှိစေရေး   စီမံဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက်     ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ချုပ်က   ပြည်ထောင်စုအဆင့်ဌာန၊     အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် များ၏    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက်   ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု များကို  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ရာတွင်   သာမန်အသုံးစရိတ်အပိုင်း တွင်   အဓိကအားဖြင့် နိုင်ငံခြားငွေလဲလှယ် နှုန်းကွာခြားချက်ကြောင့် လိုအပ်လာသည့်   အသုံးစရိတ်များ၊    နိုင်ငံတော်သို့  ထပ်မံ ပေးဆောင်ရမည့်    ဝင်ငွေခွန်၊  ကုန်သွယ် လုပ်ငန်းခွန်နှင့်    နိုင်ငံတော်သို့  ထည့်ဝင် ငွေများအတွက်     တောင်းခံသည့်အတိုင်း  ခွင့်ပြုခဲ့ပြီး  မဖြစ်မနေပေးချေရန်  ထပ်မံ လိုအပ်သည့်  နိုင်ငံ့ဝန်ထမ်းလစာစရိတ်၊ ချီးမြှင့်ငွေ၊  ခရီးစရိတ်၊  အတိုးပေးငွေများ ကို စိစစ်ခွင့်ပြုခဲ့ပါကြောင်း။                     


မူလခွင့်ပြုငွေတွင်     ပါဝင်ခြင်းမရှိ သော်လည်း နိုင်ငံတော်အတွင်း နိုင်ငံတော် ၏တာဝန်များကို    ထမ်းဆောင်လျက် ရှိကြသည့်   ဝန်ထမ်းများ၏   စားဝတ်နေ ရေးသက်သာချောင်ချိမှုကို     အထောက် အကူဖြစ်စေရန်အတွက်    ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလမှစ၍     ခွင့်ပြုထားသည့်   အပိုထောက်ပံ့ကြေးအသုံးစရိတ်၊     မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်     ထိခိုက် ပျက်စီးမှုများအတွက် ပြန်လည်ထူထောင် ရေးအသုံးစရိတ်များနှင့်   အခြားလိုအပ် သည့်  အသုံးစရိတ်များ၊ ၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ်တွင်  အသစ်တိုးချဲ့ဖွင့်လှစ် မည့်    စက်မှု၊    စိုက်ပျိုး၊   မွေးမြူရေး အထက်တန်းကျောင်း  ၃၄ ကျောင်းတွင်  RCC (၁)ထပ် (၃၄) ဆောင်   ဆောက်လုပ် ရန်အတွက်   အသုံးစရိတ်များခွင့်ပြုပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်  ပြည်နယ် များ၏  လိုငွေအတွက်   ပြည်ထောင်စုမှ  ထောက်ပံ့ငွေနှင့်   အခွန်ဝေစုတို့ကိုလည်း   ခွင့်ပြုပေးခဲ့ပါကြောင်း၊    ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့်  ပြည်ထောင်စု၏  နောက်ထပ်ဘဏ္ဍာ ငွေ     ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို     ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြု ထောက်ခံပေးနိုင်ပါရန်         တင်ပြအပ်ပါ ကြောင်း  ပြောကြားသည်။


ရှင်းလင်းတင်ပြ


ယင်းနောက်       ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး   ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က       ၂၀၂၃-၂၀၂၄    ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏  ဖြည့်စွက် ခွင့်ပြုငွေစာရင်း၊     ပြုပြင်ပြီး   ခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး     ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍     ဥပဒေရေးရာဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သီတာဦးက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး       ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု ၏    နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် ပတ်သက်၍ လည်းကောင်း၊     ပြည်ထောင်စုစာရင်း စစ်ချုပ်      ဒေါက်တာ   ခင်နိုင်ဦးက ပြည်ထောင်စုအဆင့်     အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊     တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေ   အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍   စစ်ဆေးတွေ့ရှိချက်များအရ   အနာဂတ်ကာလတွင်   ဆောင်ရွက်သင့် သည့်     အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။


ထို့နောက်    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊    တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက တင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍   ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်က  ဘဏ္ဍာငွေများသုံးစွဲရာတွင်  အမှန်တကယ်   သုံးသင့်သုံးထိုက်သည် များကို    လုပ်ထုံးလုပ်နည်းများနှင့်အညီ    သုံးစွဲရန်လိုကြောင်း၊ နိုင်ငံတော်၏ ပိုလျှံ ရန်ပုံငွေများကို    တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင်    ဆောင်ရွက်နိုင် ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ   သုံးစွဲ ရာတွင် အမှန်တကယ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်သည့်    လုပ်ငန်းများ ကိုသာ ဆောင်ရွက်ရန်လိုကြောင်း၊  သဘာဝ ဘေးအန္တရာယ်နှင့် အခြားလက်ခံနိုင်သည့် အခက်အခဲများကြောင့်     လုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်းမှလွဲ၍    အခြား အကောင်အထည်မဖော်နိုင်သည့် လုပ်ငန်း များကို တာဝန်ရှိသူများအနေဖြင့် ပြန်လည် စိစစ်ရန်လိုကြောင်း။


အကျိုးရှိစွာသုံးစွဲကြရန် လို


အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ် လာသည့်  ပိုလျှံရန်ပုံငွေများကို တိုင်းပြည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းသုံးငွေဖြင့်  ဆောင်ရွက်၍ရသည့်  လုပ်ငန်းများအားလုံးကို     အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာ ရေးဖွံ့ဖြိုးရေးကဏ္ဍ၊   ကျန်းမာရေးကဏ္ဍ၊   လမ်းပန်းဆက်သွယ်ရေး   ကဏ္ဍတို့တွင် အကောင်အထည်ဖော်     ဆောင်ရွက်နိုင် ကြောင်း၊  ဘဏ္ဍာငွေများ    သုံးစွဲရာတွင်  ဥပဒေ၊  စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ဆောင်ရွက်၍   အကျိုးရှိသည့်နေရာများ တွင်  အသုံးချရန်လိုကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက်   ဥပဒေအရ   ပေးအပ်ထားသည့်   လုပ်ပိုင်ခွင့်များအတွင်း မှ လုပ်ငန်းများအောင်မြင်အောင် ဆောင် ရွက်ကြစေလိုကြောင်း၊    ဘဏ္ဍာငွေများ သုံးစွဲရာတွင်       ပြည်ထောင်စုအဆင့်    ဝန်ကြီးဌာနများ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်   အကျိုးရှိစွာ ဖြင့်   သုံးစွဲကြရန်လိုကြောင်း   မှာကြားသည်။


ယင်းနောက်      ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီး ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ တွင်   ပြည်ထောင်စုအဆင့်ဌာန၊    အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီး၊  ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက်    မိမိတို့လျာထား သည့်လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌       တိုင်းပြည်အကျိုးကို    ရှေးရှုပြီး    ဆောင်ရွက်ကြရန်    မှာကြား လိုကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ ၏  ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ    တိုင်းပြည်သာယာ ဝပြောရေးနှင့်    စားရေရိက္ခာဖူလုံရေးကို ဦးတည်ပြီး အစိုးရဌာန၊  အဖွဲ့အစည်းများ အနေဖြင့် ပြည်သူတို့၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကိုအခြေခံသည့်  ကုန်ထုတ်လုပ်မှုများ တွင်  ခေတ်မီနည်းစနစ်များ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး၊   အသေးစား၊   အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိရေး၊   အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ကြစေလိုပါကြောင်း။


စားသုံးဆီများ   တင်သွင်းနေရသည့် အတွက် နိုင်ငံခြားငွေသုံးစွဲရမှုများ ရှိနေ ခြင်းကြောင့်    ပြည်တွင်းစားသုံးဆီဖူလုံ အောင် ထုတ်လုပ်မှုတိုးတက်လာစေရန် နှင့်   နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရန် ရည်ရွယ်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက  ချမှတ်ထားသည့်  စီးပွားရေး ဦးတည်ချက်    အမှတ်စဉ်   (ဂ)  အဖြစ် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို     အားပေး မြှင့်တင်ပြီး  ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍   နိုင်ငံအတွင်း  ဖူလုံမှုမှသည် ပြည်ပသို့  တင်ပို့နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရေး”   ဟု ချမှတ်ဆောင်ရွက်နေသည်ကို   တွေ့ရှိရ မည်ဖြစ်ကြောင်း။ 
အလားတူ   စက်သုံးဆီများ    ပြည်ပမှ တင်သွင်းခြင်းကိုလည်း  နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက  စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊     အစိုးရ ကဏ္ဍအနေဖြင့်လည်း    နိုင်ငံခြားငွေသုံးစွဲမှု များကို အထူးစိစစ်ပြီး သုံးစွဲကြရန် လိုအပ် ကြောင်း။


ကြိုးပမ်းဆောင်ရွက်


ကိုဗစ်-၁၉      ကပ်ရောဂါဘေး၊ ဆိုင်ကလုန်းမုန်တိုင်း  မိုခါဘေး  စသည့် သဘာဝဘေးများကြောင့်  ထိခိုက်ခဲ့ရသည့်  နိုင်ငံတော်၏    စီးပွားရေးအခြေအနေကို    ပြန်လည်မြှင့်တင်နိုင်ရန်  ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းကြောင့်  ယခုအခါ    ကုန်ထုတ် လုပ်မှုလုပ်ငန်းများ၊      ကုန်စည်ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ     ပြန်လည်ဖွံ့ဖြိုးတိုးတက် လာသည်ကို  တွေ့ကြရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့်  တိုင်း ဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံတော်၏  စီးပွားရေး အခြေ အနေ   ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍမှ    ဝိုင်းဝန်းပံ့ပိုးကြိုးပမ်း ဆောင်ရွက်ပေးကြရန်     အလေးထား မှာကြားလိုကြောင်း။


ယခုခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြု ငွေများအပါအဝင်  နိုင်ငံတော်က  ခွဲဝေချ ထားပေးသည့်     အသုံးစရိတ်များကို အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် နှင့် အကျိုးရှိအောင်သုံးစွဲကြရန်၊ လျာထား သည့် ရငွေလျာထားချက်များအတိုင်း ရရှိ အောင်   ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ကုန်ဆုံးချိန်၌ အရအသုံးလျာထားချက်များနှင့် အနီးစပ် ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေး ကြရန်နှင့် မိမိတို့၏ စီမံကိန်းလုပ်ငန်းများ ကို     သတ်မှတ်အချိန်မီ    ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်     တိုက်တွန်းပြောကြားလိုကြောင်း မှာကြား ပြီး   အစည်းအဝေးကို   ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်