ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 

စီမံကိန်းကြီးများနှင့်ပတ်သက်၍  မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်
နိုင်ငံအတွက် အကျိုးရှိစေမည့်  စီမံကိန်းကြီးများကိုသာ  ဦးစားပေးဆောင်ရွက်

 

နေပြည်တော်  မတ်  ၁၇


ဘဏ္ဍာရေးဆိုင်ရာကော်မရှင်     အစည်းအဝေး အမှတ်စဉ်  (၁/၂၀၂၂)ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်  တက်ရောက်အမှာစကား ပြောကြားသည်။

 


ချိတ်ဆက်တက်ရောက်


အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်  မှူးကြီး   စိုးဝင်း၊   ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့်    ပြည်နယ်အစိုးရအဖွဲ့    ဝန်ကြီးချုပ်များက Video Conferencing   ဖြင့်  ချိတ်ဆက်တက်ရောက် ကြသည်။

 


ဦးစားပေးလျာထားဆောင်ရွက်


ဦးစွာ     ဘဏ္ဍာရေးဆိုင်ရာ    ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က     အဖွင့်အမှာစကားပြောကြား ရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေ ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ရေးဆွဲရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက     ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အခြေခံပြီး မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲ ကြရမည်ဖြစ်ပါကြောင်း၊  ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးဖြစ်စဉ်များ ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့် အတား၊   အနှောင့်အယှက်များ  ရှိနေသော်လည်း မိမိတို့လျာထားသည့်  ရငွေများကို  လျာထားချက် အတိုင်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ အသုံးစရိတ်များကိုလည်း နိုင်ငံတော်၏ စီးပွားရေး   ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို  အလျင် အမြန် အထောက်အကူပြုမည့် အသုံးစရိတ်များကိုသာ ဦးစားပေးလျာထားဆောင်ရွက်ကြရန်   လိုအပ်ပါ ကြောင်း။

 


အကောင်အထည်ဖော်ဆောင်ရွက်


နိုင်ငံအတွင်းတွင်ရှိသည့် လူဦးရေ၏ ၇၀ ရာခိုင် နှုန်းခန့်သည်   ကျေးလက်နေပြည်သူများ  ဖြစ်ပါ ကြောင်း၊  စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး   အသက်မွေးဝမ်းကျောင်းပြုကြရသည့် သူများဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို   ခေတ်မီနည်းစနစ်များဖြင့်   ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်    သက်ဆိုင်ရာ   အစိုးရဌာန၊ အဖွဲ့အစည်းများက   ဦးဆောင်လမ်းပြ   ကူညီပံ့ပိုး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊    ထို့ပြင် နိုင်ငံတော်တွင်   လိုအပ်နေဆဲဖြစ်သည့်  အခြေခံ အဆောက်အအုံဆိုင်ရာ လမ်း၊ တံတား၊ အဆောက် အဦ၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး စသည့် အသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ  အသုံးစရိတ်များကိုလည်း  ခွဲဝေပေးသည့် ရန်ပုံငွေဖြင့်   ဆောင်ရွက်သင့်   ဆောင်ရွက်ထိုက် သည့်   လုပ်ငန်းများအတွက်  ထိထိရောက်ရောက် အကောင်အထည်ဖော်    ဆောင်ရွက်ပေးကြစေလို ပါကြောင်း။

 


ယခုအချိန်သည်   နိုင်ငံ့စီးပွားရေးကို  ပြန်လည် ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရမည့်အချိန် ဖြစ်သည့်အတွက် အစိုးရ၏အသုံးစရိတ် သုံးစွဲမှုများ သည်    နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်   ကုန်ထုတ်လုပ်မှု၊  ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင် ရမည်ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ တစ်ဦးချင်းဝင်ငွေတိုးမြင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊    ပြည်ပပို့ကုန်မြှင့်တင်ရေး၊   သွင်းကုန် အစားထိုးထုတ်လုပ်ရေး   စသည်များကို  ဦးတည် ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 


ဆက်လက်သုံးစွဲသွားရမည်


မိမိတို့အစိုးရအဖွဲ့အနေဖြင့်      နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး        အသုံးစရိတ်များကိုလည်း ဆက်လက်အားပေးမြှင့်တင်သုံးစွဲသွားမည်   ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝချုပ်ငြိမ်း သွားခြင်း  မရှိသေးသည့်အတွက်  ကာကွယ်ဆေး အပါအဝင်   ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်များကိုလည်း မဖြစ်မနေ ဆက်လက်သုံးစွဲ သွားရမည် ဖြစ်ပါကြောင်း။

 


ပြည်သူကို တိုက်ရိုက်အကျိုးပြု


တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ        အသုံးစရိတ်များထက် ပြည်သူကို    တိုက်ရိုက်အကျိုးပြုနိုင်သည့်   လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီးအသုံးစရိတ်များ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြစေလိုပါကြောင်း။ 

 


နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေပြ ညွှန်ကိန်းများအရ အရအသုံးခန့်မှန်းခြေငွေစာရင်းလိုငွေနှင့်   ဂျီဒီပီအချိုးကို    ရှိသင့်သည့်ပမာဏ အတိုင်းအတာအတွင်း     ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏လိုငွေများ ကြောင့်ရယူထားရသည့် ပြည်တွင်း၊ ပြည်ပ ကြွေးမြီ များ၏ ဝန်ထုပ်ဝန်ပိုးကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။

 


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က  ရငွေပိုင်းတွင် ကိုဗစ်-၁၉   ကူးစက်ရောဂါ၏  နောက်ဆက်တွဲစီးပွားရေး ထိခိုက်မှုနှင့်    နိုင်ငံရေးဖြစ်စဉ်များကြောင့်  ရငွေ လျော့နည်းနိုင်မည် ဖြစ်သော်လည်း အမှန်ရရှိနိုင်မည့် အခြေအနေအပေါ်မူတည်၍      လျာထားမှုအပေါ် စိစစ်ထားရှိပါကြောင်း၊ အသုံးစရိတ်ပိုင်းတွင် ကိုဗစ်-၁၉   စီးပွားရေးထိခိုက်မှု  သက်သာစေရေးစီမံချက် Covid-19 Economic Relief Plan (CERP) လုပ်ငန်း အစီအစဉ်တွင်ပါရှိသည့်   အစိုးရ၏  ရင်းနှီးမြှုပ်နှံမှု များကို ဦးစားပေးဆောင်ရွက်ခြင်း လုပ်ငန်းအစီအစဉ် အရ လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းများ၊ ဘက်စုံ အကျိုးသက်ရောက်မှုများစေမည့်     လုပ်ငန်းများ၊ မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများ၊    လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း။ 

 


 ယခုဘဏ္ဍာရေးနှစ်တွင် အထူးစိစစ်ခဲ့


သာမန်အသုံးစရိတ်ပိုင်းတွင် ဝန်ထမ်းသစ်များ ခန့်ထားမှု၊   စက်သုံးဆီသုံးစွဲမှုများကိုလည်း  ယခု ဘဏ္ဍာရေးနှစ်တွင် အထူးစိစစ်ခဲ့ပါကြောင်း၊ လုပ်ငန်း လည်ပတ်မှုနှင့်    ကုန်ထုတ်လုပ်မှုကို   တိုက်ရိုက် အကျိုးပြုစေသည့်      သာမန်အသုံးစရိတ်များကို စိစစ်ခွင့်ပြုထားပါကြောင်း။ 

 


ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းတွင် ၂၀၂၂-၂၀၂၃ မှ   ၂၀၂၆-၂၀၂၇   (၅)နှစ်စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံတော်မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် ဆောင်ရွက်ဆဲစီမံကိန်းများ အနက် ဦးစားပေးအဆင့်လိုက် ခွဲခြားစေပြီး စိစစ်ခဲ့  ပါကြောင်း၊    ပြည်ပချေးငွေ၊   ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်    စီမံကိန်းများအတွက်   ချေးငွေ၊ ထောက်ပံ့ငွေ  အမှန်ရရှိသုံးစွဲနိုင်မည့် လုပ်ငန်းများ ကိုသာ ဦးစားပေးလျာထားခွင့်ပြုပေးခဲ့ပါကြောင်း၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် အသုံးစရိတ်များကို စိစစ်လျှော့ချနိုင်ခဲ့ပါကြောင်း။

 


ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းလျာထား


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်နည်းတူ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟို တွင် ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းလျာထားပါကြောင်း၊ ထို့ပြင်   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့လည်း    ယခင်နှစ်နည်းတူ ထည့်ဝင်ရန်  ငွေကျပ်ဘီလီယံ   ၂၀  ဖြင့်  စုစုပေါင်း ငွေကျပ်    ၁၃၅    ဘီလီယံကို   ထည့်သွင်းလျာထားခဲ့   ပါကြောင်း။

 


တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြည်ထောင်စုမှ ထောက်ပံ့ငွေပေးရာတွင်         နှစ်လတ်ဘဏ္ဍာရေး မူဘောင်နှင့်   ဦးစွာတွက်ချက်ပြီးမှ  လူမှုစီးပွားရေး အခြေအနေပြ ညွှန်းကိန်း(၆)ခု အသုံးပြုတွက်ချက်၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက်   အချိုးကျ မျှတမှုရှိစေရန်       ခွဲဝေလျာထားပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊   ပြည်သူကို   တိုက်ရိုက်အကျိုးပြုနိုင်မည့် အသုံးစရိတ်များ၊       ဒေသဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 


ယင်းနောက်   ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃     ဘဏ္ဍာရေးနှစ်     ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊      ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြ သည်။

 


 အကြံပြုဆွေးနွေး


ဆက်လက်၍      ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က        ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍   စစ်ဆေး တွေ့ရှိချက်များအရ         အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်    အချက်များကို   အကြံပြု ဆွေးနွေးတင်ပြသည်။
ယင်းနောက်    ဘဏ္ဍာရေးဆိုင်ရာ  ကော်မရှင် ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက်အတွင်း ကိုဗစ်-၁၉     ရောဂါဖြစ်ပွားမှုနှင့်     အခြားသော အကြောင်းအမျိုးမျိုးကြောင့် ရငွေများလျော့နည်း ခဲ့ကြောင်း၊ ယင်းကိုကုစားနိုင်ရန်အတွက် နည်းလမ်း ပေါင်းစုံဖြင့် စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ရငွေများ တိုးတက်ရရှိစေရေး     ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊  အဓိကကျသည့်   ကုန်ထုတ်လုပ်မှုကို  မြှင့်တင်နိုင်ရေး     ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုအတွက် အခြေခံ လိုအပ်ချက်များဖြစ်သည့် မြေ၊ ရေနှင့် လူသားအရင်း အမြစ်များရှိပြီးဖြစ်ကြောင်း၊   ပြည်ပပို့ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့နိုင်မည် ဆိုပါက     ပြည်ပဝင်ငွေများ   တိုးတက်လာမည် ဖြစ်ကြောင်း။

 


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ   ရရှိသည့် ထွက်ကုန်များဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်း အားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးတက် စေမည်ဖြစ်ကြောင်း၊   Quick   Win   ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ယခုထက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့်   ငွေကြေးလည်ပတ်မှုကို   ပိုမို အားကောင်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးများစွာ      တိုးတက်ပြောင်းလဲလာ မည်ဖြစ်ကြောင်း၊ ပြည်သူများပါသည့် စီးပွားရေးကို ပီပြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံသာယာ ဝပြောမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံဆောင်ရွက်


စီမံကိန်းကြီးများနှင့်   ပတ်သက်၍  မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်၊ နိုင်ငံအတွက်အကျိုးရှိစေမည့်    စီမံကိန်းကြီးများကို သာ    ဦးစားပေးဆောင်ရွက်ကြရန်  လိုကြောင်း၊ လတ်တလောကာလအတွင်း      ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို လျှော့ချဆောင် ရွက်သွားရန် လိုကြောင်း၊ အရှုံးပေါ်လျက်ရှိနေသည့် လုပ်ငန်းများနှင့် စီမံကိန်းများကိုလည်း ပြန်လည် စိစစ်ကြပ်မတ်သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်   မဖြစ်မနေရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

 


ပြည်ထောင်စုအစိုးရအဖွဲ့သည်   မူဝါဒချမှတ် ပေးသည့်အဖွဲ့အစည်းဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့အစည်းအဆင့်ဆင့်က  အကောင်အထည် ဖော်ဆောင်ရွက်ရကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက    အနီးကပ်ကြပ်မတ်   အကောင် အထည်ဖော်ရခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအနေ ဖြင့် ဖိဖိစီးစီးထိထိမိမိဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားသည်။

 


အချိန်မီအတည်ပြုပြဋ္ဌာန်း


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က    နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်း အဝေးက ဆွေးနွေးအတည်ပြုပြီးဖြစ်သည့်  ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး  ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ    ဥပဒေကြမ်းတို့ကို  ဘဏ္ဍာရေး ဆိုင်ရာ   ကော်မရှင်၏      ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့   ဆက်လက်တင်ပြပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကို အချိန်မီအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   နိုင်ငံ တော်၏    လုပ်ငန်းတာဝန်အရပ်ရပ်ကို   တာဝန်ယူ ဆောင်ရွက်နေချိန်တွင်       နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အဓိကရည်မှန်း ချက်ထား ဆောင်ရွက်နေသည်မှာ နိုင်ငံသာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်ပင် ဖြစ်ပါကြောင်း။

 


နိုင်ငံတော်၏   စီးပွားရေးနှင့်  ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို   ခေတ်မီနည်းစနစ်များနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေးသည် မိမိတို့၏စီးပွားရေးဦးတည်ချက်များထဲမှ   အဓိကဦးတည်ချက်တစ်ခု ဖြစ်ပါကြောင်း၊   လက်ရှိနိုင်ငံ၏  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို   အားပေးကူညီခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်ပစ္စည်း များကို  အထွက်နှုန်းကောင်းပြီး   စံချိန်မီအရည် အသွေးရှိသည့် ဈေးကွက်ဝင်ကုန်ပစ္စည်းများ ဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေများသုံးစွဲရာတွင် စိုက်ပျိုးရေး နှင့်   မွေးမြူရေးလုပ်ငန်းများအတွက်  စနစ်တကျ အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်ပါကြောင်း။

 


လက်ရှိအခြေအနေအရ   ပြည်ပပို့ကုန်တိုးမြှင့် ရေးနှင့်   ပြည်ပသွင်းကုန်များ    စိစစ်တင်သွင်းရေး ကို    အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်    ပြည်ပသွင်းကုန်အစားထိုးနိုင်မည့် အရည်အသွေးပြည့်မီသည့် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 


အကျိုးရှိစွာအသုံးချ


မိမိတို့အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ကို ဖော်ဆောင်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေချထားပေးသည့်   အသုံးစရိတ်ရန်ပုံငွေများကို အကျိုးရှိစွာအသုံးချပြီး    ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊  ရငွေများ  ရှာဖွေကောက်ခံ ပေးရမည့်ဌာနများအနေဖြင့်လည်း   လျာထားချက်ပါ ရငွေများကို   အပြည့်အဝရရှိစေရန်  အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး   ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊   အခက်အခဲများ ကြုံတွေ့ရပါက   အချိန်နှင့်တစ်ပြေးညီ  တင်ပြပြီး ဖြေရှင်းဆောင်ရွက်ကြရန် လိုပါကြောင်း။

 


အသုံးစရိတ်များသုံးစွဲရာတွင်      ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာကြ ရန်နှင့်   တင်ဒါစည်းမျဉ်း၊   စည်းကမ်းများကိုလည်း တိကျစွာ   လိုက်နာဆောင်ရွက်ကြရန်  လိုအပ်ပါ ကြောင်း၊ အသုံးစရိတ်သုံးစွဲမှုမှန်သမျှကို စာရင်းစစ် စစ်ဆေးခံယူနိုင်ရေးအတွက် စနစ်တကျဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီသုံးစွဲနိုင်ရန်လည်း အထူးလိုအပ်ပါကြောင်း။

 


နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားပြီး ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်   တိုင်းဒေသကြီး၊  ပြည်နယ်များ အားလုံး မိမိတို့ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ များနှင့်အညီ ထိရောက်အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ပေးကြရန်      တိုက်တွန်း ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်