ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဖွင့်လှစ်

လုပ်ငန်းခွင်တွင် စာတွေ့လက်တွေ့ဖြင့် အကျိုးရှိစွာ ပြန်လည်အသုံးချရန် လိုအပ်

 

နေပြည်တော်   နိုဝင်ဘာ  ၁


ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာစေရန်နှင့်      ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရာတွင်    ဘဏ္ဍာရေးစည်းမျဉ်း  လုပ်ထုံး လုပ်နည်းများနှင့်အညီ   စနစ်တကျ   လုပ်ကိုင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍   အားကစားနှင့် ကာယပညာဦးစီးဌာနမှ     ကြီးမှူးပြုလုပ်သည့် "ဘဏ္ဍာရေးဆိုင်ရာ  လုပ်ထုံးလုပ်နည်း သင်တန်း အမှတ်စဉ် (၁/၂၀၂၁)" သင်တန်းဖွင့်ပွဲကို ယနေ့နံနက်  ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း  (Multipurpose Hall) ၌   ကိုဗစ်- ၁၉ 
စည်းကမ်းသတ်မှတ်ချက်နှင့်အညီ       ကျင်းပရာ 
အားကစားနှင့်      လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံ တက်ရောက်
အဖွင့်အမှာစကားပြောကြားသည်။
အထူးအရေးကြီး


ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတိုင်းတွင် ဘဏ္ဍာရေးလုပ်ငန်းသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ    ဘဏ္ဍာရေးဝန်ထမ်းများ အနေဖြင့်  နိုင်ငံတော်မှ ချမှတ်ပေးထားသော ဘဏ္ဍာ ငွေများကို စည်းမျဉ်း/ စည်းကမ်းနှင့်အညီ စနစ်တကျ သုံးစွဲနိုင်စေရန်မှာ    အထူးအရေးကြီးပါကြောင်း၊
 သို့မှသာ နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်     အကျိုးသက်ရောက်မှုရှိပြီး လုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း။


ပထမဆုံးအကြိမ်ဖွင့်လှစ်


 ထို့ကြောင့် ဝန်ထမ်းများအနေနှင့် ဘဏ္ဍာရေး ဆိုင်ရာ  လုပ်ငန်းများဆောင်ရွက်ရာတွင်  ဘဏ္ဍာရေး စည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ကောင်း များဖြင့်  ဤသင်တန်းကို ပထမဆုံးအကြိမ်ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊     မိမိတို့ တာဝန်ယူဆောင်ရွက် ရသော    ရုံးလုပ်ငန်းသဘောတရားများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/   နည်းဥပဒေနှင့်  ဘဏ္ဍာရေး စည်းမျဉ်း/ စည်းကမ်းများကို    သိရှိလိုက်နာဆောင်ရွက်ကြစေ လိုကြောင်း၊  လက်ရှိဝန်ကြီးဌာန  အသီးသီးတွင် ရုံးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဌာနအတွက် လုပ်ငန်းကျွမ်းကျင်သော  ဝန်ထမ်းများမျိုးဆက်ပြတ် လပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။ 


သို့ဖြစ်ပါ၍  သင်တန်းမှပို့ချသော  သင်ခန်းစာ စာတွေ့များကို  မိမိတို့၏ လက်တွေ့ဘဝသင်ခန်း စာများဖြင့်   ပေါင်းစပ်ပြီး   လုပ်ငန်းခွင်တွင်စာတွေ့  လက်တွေ့ဖြင့် အကျိုးရှိစွာ ပြန်လည်အသုံးချရန် လိုအပ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါ မိမိတို့ တာဝန်ကျဌာနခွဲ ဒေသများသို့ ပြန်ရောက်သောအခါ တွင်  ပေးအပ်သောတာဝန်များကို  ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့်  တစ်ဦးကောင်း တစ်ယောက်  ကောင်းစိတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓာတ်မွေးပြီး စည်းလုံးညီညွတ်စွာဖြင့်    မိမိတို့ဌာန   တိုးတက် အောင်မြင်လာစေရေး  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးမျိုးလှိုင်က ရပ်ဝေး မှလာသော      သင်တန်းသား  သင်တန်းသူများ၏ စားသောက်နေထိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ဖြည့်စွက်ပြောကြားသည်။


သင်ကြားပို့ချမည်


အဆိုပါသင်တန်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ဘဏ္ဍာရေးဌာနခွဲ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)၊ အားကစားကွင်း/ အားကစား ရုံဌာနခွဲနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း များမှ      ငွေစာရင်းတာဝန်ယူဆောင်ရွက်သော ဝန်ထမ်းများ စုစုပေါင်းသင်တန်းသား   သင်တန်းသူ ၂၅ ဦးတို့   တက်ရောက်လျက်ရှိပြီး  သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ သင်ခန်းစာများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ       သင်တန်းနည်းပြဆရာမ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းထွန်း က  နိုဝင်ဘာ ၁ ရက်မှ    ၃၀ ရက်အထိ  သင်ကြားပို့ချ မည်ဖြစ်ကြောင်း သိရသည်။           
    သတင်းစဉ်