
ရန်ကုန် ဇန်နဝါရီ ၁၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းသည် ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဒုတိယဝန်ကြီးသည် ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်အတူ ရန်ကုန် တိုင်းဒေသကြီး ကျောက်တံတား မြို့နယ်ရှိ အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးတွင် ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူးများ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ကောက်ခံရမည့် အခွန် လျာထားချက်များ ပြည့်မီကျော်လွန် စွာ ကောက်ခံရရှိနိုင်ရေး၊ ရုံးဌာန အဆောက်အဦများ လုံခြုံမှုရှိရေး နှင့် ဝန်ထမ်းများစည်းလုံးညီညွတ် မှုရှိရေး၊ အခွန်ထမ်းပြည်သူများ အပေါ် ကောင်းမွန်သောဝန်ဆောင် မှုပေးနိုင်ရေး စသည့်ကိစ္စရပ်များ ကို မှာကြားပြီး ကြီးကြပ်သူ အရာထမ်းများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလိုက် ဂရုပြုကြပ်မတ်ဆောင် ရွက်နိုင်ရေး အလေးထားဆောင် ရွက်ကြရန်နှင့် ထူးခြားမှုများရှိပါ က အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားရန် မှာကြား သည်။
ပြည်တွင်းအခွန်များဦးစီးဌာန သည် နိုင်ငံတော်မှ ကောက်ခံရရှိ သော အခွန်အကောက်ရငွေ စုစု ပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ကောက်ခံပေးနေသည့် ဌာနတစ်ခုဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် လုံလောက်သည့် ဘဏ္ဍာငွေများ တိုးမြှင့်ရရှိနိုင်ရန် ဘဏ္ဍာနှစ် အလိုက် လျာထားသည့် အခွန် ရငွေများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် မွန်းလွဲပိုင်းတွင် ငွေကြေး သက်သေခံလက်မှတ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မရှင်ရုံးနှင့် ရန်ကုန် စတော့အိတ်ချိန်းရုံးသို့ သွားရောက်၍ တာဝန်ရှိသူများ နှင့် တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်