ဘင်ဂလူရူ ကော်ဖီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံမြို့တော်တွင် လုံခြုံရေးတိုးမြှင့်ထား

 

နယူးဒေလီ   မတ်   ၂


အိန္ဒိယနိုင်ငံတောင်ပိုင်း ဘင်ဂလူရူ မြို့ရှိ    ကော်ဖီဆိုင်   တစ်ဆိုင်၌ ပေါက်ကွဲမှု       ဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံမြို့တော်       ဒေလီ တစ်ဝိုက်တွင်  ရဲတပ်ဖွဲ့က လုံခြုံ ရေးတိုးမြှင့်ထားပြီး   သတိပေးမှု များလည်း ထုတ်ပြန်ထားကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြ ထားသည်။ အဆိုပါ  ပေါက်ကွဲမှု ကြောင့် ၁၀ ဦးထက်   မနည်း ဒဏ်ရာရရှိခဲ့သည်။ 


ဘင်ဂလူရူမြို့ ရာမက်ရှ်ဝါရမ် ကော်ဖီဆိုင်၌    မတ်   ၁   ရက်  မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။        ဒေလီမြို့ရှိ လူဦးရေထူထပ်သည့်   နေရာများ အထူးသဖြင့်      ဈေးများတွင်  သတိဝီရိယဖြင့်နေကြရန် ဒေလီ မြို့ခရိုင်ရဲအရာရှိများက ညွှန်ကြား ထားသည်။       မသင်္ကာဖွယ်ရာ အပြုအမူများတွေ့ရှိပါက အနီးဆုံး        ရဲစခန်းများသို့ အကြောင်းကြားကြ ရန်  ဒေသခံဈေးအဖွဲ့အစည်းများသို့     ညွှန်ကြားထားကြောင်းသိရသည်။ 


စီစီတီဗွီ      ကင်မရာများ ကောင်းမွန်စွာ   လုပ်ဆောင်ခြင်း ရှိ ၊   မရှိကိုလည်း  စစ်ဆေးထားကြ ရန်         ဈေးအဖွဲ့အစည်းများကို    ညွှန်ကြားထားကြောင်း   သိရ သည်။  


ဗုံးရှင်းလင်းရေး  ရဲတပ်ဖွဲ့နှင့် ဗုံးထောက်လှမ်းရေးအဖွဲ့ကိုလည်း အဆင်သင့်       ဖြစ်နေစေရန် ညွှန်ကြားထားကြောင်း    သိရ သည်။ 


ဘင်ဂလူရူမြို့   ပေါက်ကွဲမှု ဖြစ်စဉ်တွင် ပါးစပ် နှာခေါင်းစည်း တပ်ဆင်၍ မျက်မှန် တပ်ဆင်ထား သော     လူတစ်ဦးသည်    ကော်ဖီ ဆိုင်အတွင်းသို့     အိတ်တစ်လုံး   သယ်ဆောင်ကာ ဝင်ရောက်လာ ကြောင်း  စီစီတီဗွီ  ကင်မရာများ တွင် တွေ့ရှိရသည်။ 


အဆိုပါ အိတ်ကို ဆိုင်အတွင်း လက်ဆေးသည့်နေရာတွင် ထားခဲ့ သည်ဟု   ရဲများက   ယူဆကြသည်။  ဘင်ဂလူရူမြို့သည်     နည်းပညာ အချက်အချာကျသည့်နေရာ  တစ် ခုလည်း ဖြစ်သည်။                     

ဆင်ဟွာ