ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်နိုင်

 

မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် 
အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

 

နေပြည်တော် အောက်တိုဘာ  ၂၂


ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်  ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊            ကိုကိုးကျွန်းမြို့၏   အနောက်ဘက် ရေမိုင်  ၁၆၀ ခန့်၊  ဟိုင်းကြီးကျွန်းမြို့၏                    အနောက်တောင်ဘက်   ရေမိုင်  ၂၅၀  ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက်   ရေမိုင်၃၅၀ခန့်၊   အိန္ဒိယနိုင်ငံ  ပို့ဘလဲယားမြို့၏  အနောက်မြောက်ဘက်   ရေမိုင်   ၁၈၅  မိုင်ခန့်၊ ဆာဂါကျွန်း၏  တောင်-အရှေ့တောင်ဘက်   ရေမိုင်   ၄၉၀   ခန့်နှင့်     ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ဘရာဆောမြို့၏ တောင်ဘက် ရေမိုင် ၅၃၀ ခန့်အကွာ  ပင်လယ်ပြင်ကို  ဗဟိုပြုနေပါသည်။  မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ    မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိပါသဖြင့် အဝါ ရောင် အဆင့်ဟု သတ်မှတ်ပါသည်။

 


မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း


အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တွင် မြောက်လတ္တီကျု ၁၃ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၀ ဒသမ ၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၇ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်း ခန့် ဖြစ်ပါသည်။

 


နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်


အဆိုပါ   မုန်တိုင်းငယ်သည်    အနောက်မြောက်ဘက်သို့   ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့်    ယင်းနှင့်   ဆက်စပ်လျက်ရှိသော  ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌  အားကောင်းသော မုန်တိုင်း ငယ်အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက် ဘက်သို့   ပြန်ကွေ့ကာ   အောက်တိုဘာ   ၂၄   ရက်တွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌        ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း  အားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၅ ရက် တွင်   ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို    ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

 


သတိပေးနှိုးဆော်ချက်  


မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ အောက်တိုဘာ ၂၆ ရက်အတွင်း  စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊   ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ  နေရာအနှံ့ အပြားနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့်      ကရင်ပြည်နယ်တို့တွင်     နေရာကွက်ကျား မှ နေရာကျဲကျဲ  မိုးထစ်ချုန်းရွာနိုင်ပြီး  အချို့ဒေသများတွင်   ဒေသ အလိုက်နှင့်     နေရာကွက်၍    မိုးကြီးခြင်းများ      ဖြစ်ပေါ်နိုင် ပါသည်။

 


မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန်ပင်လယ်ပြင် တို့တွင်    မကြာခဏ    မိုးသက်လေပြင်းများကျရောက်ပြီး     လှိုင်းကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅    မိုင်အထိ     တိုက်ခတ်နိုင်ပါသည်။   လှိုင်းအမြင့်မှာ  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။

 


အကြံပြုချက်


အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ  ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်     ပြည်တွင်းလေကြောင်း ပျံသန်းရေး၊   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။          

                                                    
  မိုး/ဇလ