
ဒါကာ ဇန်နဝါရီ ၃၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငါးရက် ဆက်တိုက် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အရေအတွက် ဆက်တိုက် ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၂၀၀၀ ကျော်ရှိခဲ့ ကြောင်း အတည်ပြုဖော်ပြခဲ့သည်။
ကျန်းမာရေး ဝန်ဆောင်မှု ညွှန်ကြားရေးမှူးရုံးက ထုတ်ပြန် ဖော်ပြခဲ့သည့် စာရင်းဇယားများ အရ ဇန်နဝါရီ ၃၀ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၂၁၈၃ ဦးနှင့် ၃၄ ဦး ထပ်မံသေဆုံး ခဲ့ကြောင်း သိရသည်။ ထပ်မံ သေဆုံးသူ ၃၄ ဦးနှင့်အတူ နိုင်ငံ အတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၈၃၆၃ ဦး ရှိလာခဲ့သည်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနှုန်းသည် လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၈ ဒသမ ၃၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူစုစုပေါင်းမှာ ယခုအခါတွင် ၁၇၈၅၃၃၂ ဦးအထိ ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည် ကောင်းမွန်လာ သူပေါင်းမှာ ၁၅၆၅၆၄၅ ဦးအထိ ရှိကြောင်း ကျန်းမာရေးဝန်ဆောင် မှု ညွှန်ကြားရေးမှူးရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုဗစ်-၁၉ သေဆုံးနှုန်းသည် ၁ ဒသမ ၅၉ ရာခိုင်နှုန်း ရှိလာပြီး လက်ရှိ ကိုဗစ်-၁၉ ပြန်လည်တိုးတက်ကောင်းမွန်လာနှုန်းသည် ၈၇ ဒသမ ၆၉ ရာခိုင်နှုန်းရှိသည်။
ဇန်နဝါရီ ၃၀ ရက်က ကျန်းမာ ရေးဝန်ကြီး ဇာဟစ်မာလစ်က အသက် ၁၂ နှစ်ကျော်သည့်မည်သူ့ ကိုမဆို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် အသက် ၄၀ ကျော်အရွယ်များ အားလုံးကို အပိုဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးသွား မည်ဖြစ်ကြောင်း ပြောကြားလိုက် သည်။
အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး ဆောင်ရွက်ချက်များ ကြောင့် ကိုဗစ်-၁၉ သေဆုံးနှုန်း သိသိသာသာ ကျဆင်းလာ ကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ