
ဒါကာ ဩဂုတ် ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၄၆၃ ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၂၄၅ ဦးရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁၃၆၅၁၅၈ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၈၉၇ ဦး ရှိလာ ကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့် ရရှိသူ ၁၄၄၁၂ ဦးရှိခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၂၁၉၈၅၉ ဦးရှိလာကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ၁ ဒသမ ၆၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူနှုန်းသည် ၈၉ ဒသမ ၃၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် အမြင့်ဆုံးသည် ဇူလိုင် ၂၈ ရက်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၂၃၀ ရှိကြောင်းနှင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးမှုအမြင့်ဆုံးသည် ဩဂုတ် ၅ ရက် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၆၄ ဦး ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်