
မန္တလေး အောက်တိုဘာ ၂၂
ယခုရက်ပိုင်းအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ဝယ်လိုအားကောင်း မွန်လာမှုကြောင့် မန္တလေး ဈေးကွက်အတွင်း မြန်မာ့လယ် ယာထွက်ကုန် စမုံစပါးနှင့် စမုံ နက်သီးနှံများ ပေါ်ဦးပေါ်ဖျား မူလ ပေါက်ဈေးထက် ဈေးနှုန်းမြင့် တက်ကာ အရောင်းအဝယ် သွက်လက် မြန်ဆန်နေကြောင်း သိရသည်။
စမုံစပါးဈေးနှုန်းမှာ မူလက တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ နှုန်းသာရှိခဲ့ရာမှ ယခုရက်ပိုင်း အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀ နှုန်းသို့ မြင့်တက်ခဲ့ပြီး စမုံနက်မှာ မူလက တစ်ပိဿာ လျှင် ငွေကျပ် ၄၅၀၀ နှုန်းမှ ယခု ရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ နှုန်းသို့ မြင့်တက် လျက်ရှိသည့်အပြင် ယခုနှစ် ပြည်ပပို့ကုန် သီးနှံများအနက် စမုံနက်သီးနှံဈေးနှုန်းမှာ အမြင့် ဆုံးဈေးသို့ စံချိန်တင်ရောက်ရှိနေ ကြောင်း သိရသည်။
“အောက်တိုဘာလလယ်က စပြီး ရခိုင်ဘက်က မြန်မာ၊ ဘင်္ဂ လားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို တရားဝင်ဖွင့်လှစ် လိုက်တဲ့အတွက် မန္တလေးဈေး ကွက်ထဲက စမုံစပါးနဲ့ စမုံနက်တွေ သိသိသာသာ ဈေးတက်လာတယ်။ သူတို့နိုင်ငံက ဒီပစ္စည်းတွေကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ဟင်းချက်ရာမှာ မပါမဖြစ်ထည့် သွင်းအသုံးပြုကြတယ်။ ဒါ့အပြင် ဆေးဝါးဖော်စပ်တဲ့နေရာမှာလည်း အသုံးပြုကြတယ်လို့ သိရတယ်။ နှစ်စဉ်လည်း ဝယ်ယူမှုတွေရှိပါ တယ်။ အခုလို တရားဝင်ဖွင့်လှစ် လိုက် တဲ့အတွက် မြန်မာကုန်သည် တွေအဖို့ ဈေးကွက်အခိုင်အမာ နဲ့ တင်ပို့ခွင့်ရကြတာပါ” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
ထို့ပြင် မြန်မာထွက်ကုန် သီးနှံ နံနံစေ့များမှာလည်း ယခုရက်ပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝယ်လို အားကြောင့် ယခင်မူရင်းဈေး တစ်တင်းလျှင် ငွေကျပ် ၉၅၀၀ နှုန်းမှ ယခုရက်ပိုင်းတွင် နံနံစေ့ တစ်တင်းလျှင် ငွေကျပ် ၁၆၀၀၀ နှုန်းအထိ မြင့်တက်လျက်ရှိကာ အရောင်းအဝယ်မှာလည်း သွက် လက် လျက်ရှိကြောင်း သိရသည်။
မြန်မာထွက်ကုန်သီးနှံ ဟင်း ခတ်အမွှေးအကြိုင် စမုံစပါး၊ စမုံနက်နှင့် နံနံစေ့များကို ပြည်ပ ပို့ကုန်အဖြစ် အဓိကတင်ပို့ရောင်း ချရန် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၌သာ ဆောင်းသီးနှံအဖြစ် အဓိက ထား စိုက်ပျိုးကြကြောင်း သိရ သည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)