ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကွန်တိန်နာသိုလှောင်ရုံမီးလောင်ပေါက်ကွဲမှု ၃၇ ဦးသေဆုံး၊ ၂၀၀ ကျော်ဒဏ်ရာရ

 

ဒါကာ   ဇွန်   ၅


ဘင်္ဂလားဒေ့ရှ်နိုင်ငံ    မြို့တော် ဒါကာမြို့၏    အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာခန့်အကွာ ချက်တို ဂရန်ခရိုင်ရှိ ကွန်တိန်နာ သိုလှောင် ရုံတစ်ခုတွင် ဇွန် ၄ ရက်ညက ပေါက်ကွဲမှု   ဖြစ်ပွားပြီးနောက် မီးလောင်မှုဖြစ်ပွားရာ  ၃၇   ဦး ထက်မနည်း   သေဆုံးကြောင်း အကြီးတန်းအရာရှိတစ်ဦးက ဇွန် ၅ ရက်တွင် ပြောကြားသည်။ 

 


ချက်တိုဂရန်ခရိုင်၏  အစွန် အဖျားရှိ       စစ်တကောင်းမြို့ရှိ ကွန်တိန်နာခြံအတွင်း     ဓာတု ပစ္စည်းများပါဝင်သည့် ကွန်တိန်နာ တစ်ခုတွင်    မီးလောင်မှုဖြစ်ပွား ခြင်းဖြစ်သည်။  မီးလောင်မှုကြောင့် အခြားဒဏ်ရာရရှိသူ ၂၃ ဦးမှာ လည်း ရရှိဒဏ်ရာများဖြင့် သေဆုံး ပြီး ဇွန် ၅ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူစုစုပေါင်းမှာ  ၃၇  ဦး အထိ  တိုးလာကြောင်း   ခရိုင် အုပ်ချုပ်ရေးမှူး    မိုဟာမက် မာမင်နာ    ရက်မန်းက     ပြောသည်။

 


နယ်သာလန်-ဘင်္ဂလားဒေ့ရှ် ဖက်စပ်ကုမ္ပဏီ  တစ်ခုဖြစ်သည့် ပုဂ္ဂလိကပိုင်  BM  Container Depot Ltd., ကုမ္ပဏီသည်   ဇွန် ၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင်    ပြင်းထန်သော မီးလောင်မှု      ဖြစ်ပွားခြင်းကြောင့် ဒဏ်ရာရရှိသူ ၂၀၀  ထက်မနည်း ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

 


မီးလောင်မှု    ဖြစ်ပွားခြင်း ကြောင့်    ထိခိုက်ဒဏ်ရာရသူ အားလုံးကို  ဆေးရုံသို့  ပို့ဆောင် ထားပြီး အများစုမှာ စိုးရိမ်ရသည့် အခြေအနေတွင်  ရှိနေကြောင်း၊ သေဆုံးသူအရေအတွက်မှာလည်း တိုးလာနိုင်ကြောင်း    မီးသတ် အရာရှိတစ်ဦးက ပြောသည်။
မီးလောင်ရာ        နေရာသို့ မီးသတ်တပ်ဖွဲ့ ၁၆ ဖွဲ့က  မီးငြှိမ်း သတ်ရာ ဇွန် ၅ ရက် အစောပိုင်း တွင် မီးလောင်မှုကို    ထိန်းချုပ် နိုင်ကြောင်း     ခရိုင်အုပ်ချုပ် ရေးမှူးက ပြောကြားသည်။


ဆင်ဟွာ