ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၉) ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်    ဧပြီ    ၂၀


ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ရတနာခန်းမ၌ ကျင်းပသည်။

 


သင်တန်းဖွင့်ပွဲသို့        ပြည် ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊  အဖွဲ့ဝင်  သူရဦးဘိုနီ၊  ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)         ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်  များ၊  တက္ကသိုလ်သင်ကြား၊ စီမံ ဌာနများမှ         တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော    ဧည့်သည် တော်များနှင့်    သင်တန်းသား သင်တန်းသူများ    တက်ရောက် ခဲ့ကြသည်။

 


သင်တန်းဖွင့်ပွဲတွင်       ပြည် ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ယနေ့ဖွင့်လှစ်သည့် သင်တန်းသည်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့က    ကျင်းပသော ပြန်တမ်းဝင်အရာရှိ      စတင်ခန့် ရာထူးစာမေးပွဲများကို အောင်မြင် ခဲ့ကြသည့်  နိုင်ငံ့ဝန်ထမ်း  အရာ ထမ်းလောင်းများနှင့်      ပြင်ပမှ အရာထမ်းလောင်းများကို နိုင်ငံ့ ဝန်ထမ်းများ  သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ကို နားလည်စေရန်၊ ရုံးလုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ    ပြည်သူ့ ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှု ပညာ များ     ကျွမ်းကျင်တတ်မြောက် စေရန်၊ ကောင်းမွန်သော အုပ်ချုပ် ရေးနှင့် ခေါင်းဆောင်မှု သဘော  တရားများနှင့် အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှုလုပ်ငန်းစဉ်များ တတ်သိ           နားလည်စေရန်၊    ပြည်တွင်း၊ ပြည်ပ  နိုင်ငံရေး၊   စီးပွားရေးနှင့် လူမှုရေး        အခြေအနေများကို လေ့လာ    ဆည်းပူးနိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း   စည်းလုံး ညီညွတ်မှု၊    ညှိနှိုင်းဆောင်ရွက် တတ်မှု၊       ပူးပေါင်းဆောင်ရွက် တတ်မှု၊ ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိ စေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေ  သဘောထား     ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ   ပေါ်ထွက် လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။

 


သင်တန်းသား သင်တန်းသူ များသည်      ပြန်တမ်းဝင်အဆင့် စတင်ခန့်         ရာထူးစာမေးပွဲ အောင်မြင်ပြီး သတ်မှတ်အရည် အချင်းနှင့် ပြည့်မီသူများဖြစ်သော် လည်း   သင်တန်းအောင်မြင်ပြီး မှသာ     ပြန်တမ်းဝင်အရာရှိများ အဖြစ် စတင်တာဝန်ထမ်းဆောင် ခွင့်ရမည်ဖြစ်သည့်အတွက်  ဤ သင်တန်းသည်      အရေးကြီးဆုံး သော ကနဦးသင်တန်းဖြစ်သည်ကို သတိပြု       ကြိုးစားကြရန်နှင့် မည်သည့်နယ်ပယ်က လာသည် ဖြစ်စေ ပြန်တမ်းဝင်အရာရှိဘဝ ဖြင့် နိုင်ငံတော်က အားထားရသော  အရာရှိများအဖြစ်    နိုင်ငံ့တာဝန် များကို ကျေပွန်စွာထမ်းဆောင် ကြရန် တိုက်တွန်းမှာကြားသည်။

 


သင်တန်းသို့ သင်တန်းသား၊  သင်တန်းသူ ၃၂၉ ဦး တက်ရောက် ပြီး    သင်တန်းကာလမှာ    ဧပြီ ၂၀ ရက်မှ ဩဂုတ် ၅ ရက်အထိ ရက်သတ္တ  ၁၆ ပတ်   ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်