ဘီးလင်းမြို့နှင့် သိမ်ဇရပ်မြို့တို့တွင် တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းနှင့် ဘာသာရေးအဆောက်အဦ၊ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၈
မွန်ပြည်နယ်   ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာ      အနီးသို့ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီခန့် က တပ်မတော်မှ   လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီး ကျောင်းနှင့်      စေတီတစ်ဆူ လက်နက်ကြီးစထိမှန်ခဲ့ကြောင်း ကောလာဟလ     သတင်းတု၊ သတင်းမှားများကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင်   ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်         ပတ်သက်၍ ဝင်းတာပန်ကျေးရွာအနီးရှိ လုံခြုံ ရေးစခန်းတစ်ခုအား    လက်နက် ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အဝေးမှ လက်နက် ကြီး၊      လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကြောင့်      ဒေသခံပြည်သူများ နေထိုင်ရာ      ကျေးရွာအတွင်း ထိမှန်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦအချို့ ထိခိုက်ပျက်စီး မှုများရှိခဲ့ကြောင်း    သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ     မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်      သုံးခွကျေးရွာ အတွင်း  ဇန်နဝါရီ  ၁၆  ရက်  ည ၆   နာရီခွဲခန့်က     တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက်   ပြည်သူနှစ်ဦး   ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း   သတင်းတု၊ သတင်းမှားများကို  အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင်      ရေးသား ဖြန့်ဝေနေသည်ကို     တွေ့ရှိရပြီး သက်ဆိုင်ရာ    နယ်မြေလုံခြုံရေး ဆိုင်ရာ      တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ   ၁၆   ရက် တွင်    သိမ်ဇရပ်မြို့နယ်အတွင်း ပစ်ခတ်မှု၊  တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ် အေးချမ်းမှု    ပျက်ပြားစေရန်နှင့် ပြည်သူများမှ နယ်မြေဒေသလုံခြုံ ရေး     ဆောင်ရွက်ပေးလျက်ရှိ သော    လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် အတွက် သတင်းတု၊ သတင်းမှား များကို  ရေးသားဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သတင်းရရှိရသည်။
သတင်းစဉ်