ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၆၁၂၉ ဦးအတွက် ကယ်ဆယ်ရေးစခန်း ၂၄ ခု ဖွင့်လှစ်ထား

 

ဘီးလင်း   သြဂုတ်   ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းကာ    တောင်ကျရေများစီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်း မြစ်၏   စိုးရိမ်ရေမှတ်   ၁၀၂၂  စင်တီမီတာအထက် ကျော်လွန်ကာ ၁၀၅၇ စင်တီမီတာသို့ ရောက်ရှိလာ သည့်အတွက် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာ အချို့ရှိ နေအိမ်များ ရေနစ်မြုပ်လျက်ရှိကြောင်း သိရ သည်။ (ယာပုံ)
  အဆိုပါ ရေကြီး ရေလျှံမှုကြောင့် ရေဘေးသင့် အိမ်ခြေ ၁၂၄၁ ခုရှိ အိမ်ထောင်စု ၁၂၅၈ စုမှ အမျိုးသား ၂၉၀၄ ဦး၊ အမျိုးသမီး  ၃၂၂၅  ဦး စုစုပေါင်း ၆၁၂၉ ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူ အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းတင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း နှင့် မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များက ရပ်ကွက် နေပြည်သူများပူးပေါင်း၍     ကယ်ဆယ်ရေးစခန်း ၂၄ ခုသို့ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ရေဘေးရှောင်ပြည်သူများအား     မွန်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့်  ဆန်၊ ဆီ၊  ကြက်ဥ၊ ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များကို ပေးအပ် ခြင်းနှင့် သက်ကြီး အဘိုး၊ အဘွားများအတွက်လည်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း ဦးဆောင်၍ ​ကျန်းမာ ရေးဝန်ထမ်းများက   ကျန်းမာရေးစောင့်ရှောက်မှု များကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)