ဘီးလင်းမြစ်ရေ တိုးလာပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးခင်းများ ရေနစ်မြုပ်

 

သုဝဏ္ဏဝတီ   ဩဂုတ်   ၄ 


မွန်ပြည်နယ်အတွင်း ဘီးလင်းမြစ်ရေတိုးလာ၍   မြစ်အောက်ပိုင်း ရှိ  သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး  အောက်ကွင်းကျေးရွာအုပ်စု များအပြင် ကျိုက္ကော်နှင့် သိမ်ဆိပ်ကွင်းများတွင် စပါးစိုက်ပျိုးထား သော လယ်သမားများသည် စပါးခင်းများ  ရေကြီးနစ်မြုပ်ပျက်စီး သွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။


ပင်လယ်ရေထရက်     ဖြစ်နေသည့်အပြင်    ယခုရက်ပိုင်း  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေသည် စိုးရိမ် ရေမှတ်အထက်   ကျော်လွန်ရောက်ရှိလာကြောင်း၊   စပါးများ စိုက်ပျိုးမှုမှာ တစ်လခန့်သာရှိနေပြီး ယခုမှ စိုက်ပျိုးနေသူများ လည်း ရှိနေကြောင်း၊ စပါးပင်များ ရေနစ်မြုပ်ပါက ငါးရက်ခန့်သာ ခံနိုင်ရည်ရှိကြောင်း၊ သည်ထက် ပိုကြာမြင့်ပါက စပါးပျက်စီးနိုင် ကြောင်း၊ ယခု နစ်မြုပ်နေသည်မှာ သုံးရက်ခန့် ရှိနေပြီဖြစ်ကြောင်း၊ သုဝဏ္ဏဝတီမြို့နှင့်  ဆက်သွယ်ထားသော   ကတိုက်ကြီးကျေးရွာသွား  တာလမ်းအား       ရေကျော်နေပြီဖြစ်ကြောင်းနှင့်   အပေါ်ဘက်  သိမ်ဆိပ်ကွင်းရှိ  လယ်ကွင်းများ ရေနစ် မြုပ်နေပြီး အောက်ဘက် ကျိုက္ကော်ကွင်းရှိ   လယ်ကွင်း များလည်း ရေကြီးနစ်မြုပ်ဖွယ်ရှိကြောင်း၊     ဘီးလင်း မြစ်ရေမြင့်တက်လာမှုနှင့် မိုးများ ဆက်လက်ရွာသွန်း လာပါက စပါးခင်းများ   ပျက်စီးနိုင်ကြောင်း    သုဝဏ္ဏ ဝတီမြို့  သိမ်ဆိပ်ကွင်းတွင်  လယ်ယာလုပ်ကိုင်သူ တောင်သူတစ်ဦးက ပြောသည်။


စပါးခင်းများ ရေနစ်မြုပ်


သိမ်ဆိပ်ကွင်းနှင့် ကျိုက္ကော်ကွင်းတွင် စပါးစိုက် ဧက    ငါးထောင်ကျော်ရှိပြီး    ပင်လယ်နားနီးသည့်   အောက်ကွင်းကျေးရွာများဖြစ်သော  ကတိုက်ကြီး၊ ကတိုက်လေး၊ ဆိပ်ကျွန်း၊  မရမ်းကုန်း   အစရှိသည့်   ကျေးရွာအုပ်စု ရှစ်ခုတွင်လည်း စပါးခင်းများ ရေနစ် မြုပ်နေကြောင်း၊   ခန့်မှန်းစပါးစိုက်ဧက    နှစ်သောင်း ကျော် ရှိနိုင်ကြောင်း     သက်ဆိုင်ရာ တာဝန်ရှိသူများ ထံမှ သိရသည်။     


 ခွန်(ဝင်းပ)