ဘောလုံးပွဲကြည့်ပရိသတ်များ တာဝန်သိကြရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း 


 

လန်ဒန်  ဇူလိုင်  ၆


ဗြိတိန်ဝန်ကြီးချုပ်   ဘောရစ်ဂျွန် ဆင်သည်    အင်္ဂလန်ပရိသတ် များအနေဖြင့်  စိတ်အားထက်သန် စွာ အားပေးကြသော်လည်း ကိုဗစ်- ၁၉   အန္တရာယ်မှ   ကာကွယ်ရန် တာဝန်သိသည့်နည်းလမ်းဖြင့်သာ အားပေးကြရန်       ဘောလုံးပွဲ ပရိသတ်များကို     တောင်းဆိုခဲ့ သည်။ 
ယူရို   ၂၀၂၀   အင်္ဂလန်နှင့် ဒိန်းမတ်ပွဲစဉ်မစတင်မီ  ဇူလိုင် ၅ ရက်တွင်  ယခုလို သတိပေးစကားပြောကြားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ အကြိုဗိုလ်လုပွဲကို ဇူလိုင်  ၇   ရက်တွင်   ဝင်ဘာလေ ကွင်းကြီးတွင်    ကျင်းပသွားရန် စီစဉ်ထားသည်။ အကြိုဗိုလ်လုပွဲစဉ်များကိုဇူလိုင် ၆ ရက်နှင့် ၇ ရက် တို့တွင်    ပြုလုပ်သွားရန်စီစဉ် ထားသည်။    ပွဲကြည့်ပရိသတ် ၆၀၀၀၀ ကို  ကွင်းအတွင်း   ဝင် ရောက်ကြည့်ရှုရန်    ခွင့်ပြုပေး သွားမည်ဖြစ်သည်။ 
အိန္ဒိယတွင်  ပထမဆုံး တွေ့ရှိ ရသည့်       ဗီဇပြောင်းဒယ်တာ ကူးစက်မှုကို        ဗြိတိန်နိုင်ငံတွင် လည်း       တွေ့ရှိလာရပြီဖြစ် သည်။ 
လန်ဒန်တွင်     ဘောလုံးကွင်း အတွင်း     ကြည့်ရှုခွင့်ပေးသည့် ပမာဏကို     စိုးရိမ်မိသည်ဟု ဂျာမနီဝန်ကြီးချုပ်    အင်ဂျလာမာ ကယ်ကလည်း      ပြောကြားခဲ့ သည်။ 
အင်န်အိတ်ချ်ကေ