ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာ

 

ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး    တက်ရောက်ခွင့်ရရှိသူများ   ပထမနှစ်သင်တန်း (ပထမနှစ်ဝက်)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက်ရောက်ဆဲပထမနှစ် သင်တန်း(ဒုတိယနှစ်ဝက်)နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို သင်တန်းများအားလုံးကို ၁၂-၅-၂၀၂၂ ရက် (ကြာသပတေးနေ့)မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊    ပထမနှစ်ဝင်ခွင့်ရ   ကျောင်းသား၊  ကျောင်းသူများ စာရင်းကို    မွေးမြူရေးဆိုင်ရာ    ဆေးတက္ကသိုလ်၏   website  ဖြစ်သော   www. uvsyezin.edu.mm   တွင်   ကြေညာထားမည်ဖြစ် ပါကြောင်းနှင့်      အသေးစိတ်သိရှိလိုပါက    မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်း - ၀၆၇-၃၄၁၆၆၅၉ ကို ရုံးချိန်အတွင်း  ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
                                                                                                                မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်