ဘာသာရေးဆိုသည်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးသည်သာဖြစ်

 

ဘာသာရေးဆိုသည်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးသည်သာဖြစ်
ဘာသာရေးကို အမှန်တကယ် ထိထိရောက်ရောက် ရိုးရိုးသားသားဖြင့် ဆောင်ရွက်မည်ဆိုပါက 
ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့် အခြေခံပင်ဖြစ်

 

နေပြည်တော်  ဧပြီ   ၁၂


ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်အမှာစကား ပြောကြားသည်။


တွေ့ဆုံပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး  ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့်  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊     ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊  ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များ၊  အစ္စလာမ်ဘာသာရေး   အသင်း အဖွဲ့များ၊ ဟိန္ဒူဘာသာရေးအသင်း အဖွဲ့များမှ       ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊    ဌာနဆိုင်ရာ  တာဝန်ရှိသူများ  တက်ရောက်ကြ သည်။       


အမှာစကားပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင်   ယခုအခမ်း အနားကို နှစ်သစ်ကူးအခါသမယ တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ဘာသာပေါင်းစုံနှင့် ပတ်သက်ပြီး  မေတ္တာလက်ဆောင် တစ်ခုပေးချင်သဖြင့်  ယခုအခမ်း အနားကို    ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊     မိမိတို့နိုင်ငံတွင် လူဦးရေ ၅၆ သန်းခန့်နေထိုင်ကြပြီး မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၉၀    ရာခိုင်နှုန်းခန့်၊    ခရစ်ယာန် ဘာသာကိုးကွယ်သူ ၆ သန်းနီးပါး ခန့်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၂ သန်းကျော်ခန့်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူ   ၅  သိန်းကျော်ခန့် ရှိပြီး    အခြားဘာသာများလည်း ကိုးကွယ်သူများ   ရှိကြကြောင်း၊ မိရိုးဖလာ ကိုးကွယ်သူများရှိသကဲ့ သို့ မိဘကြောင့်၊  ဇနီး၊   ခင်ပွန်း ကြောင့်     ဘာသာပြောင်းလဲ၍ ကိုးကွယ်သူများလည်း ရှိကြောင်း၊ မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ၌ နိုင်ငံသူ၊  နိုင်ငံသားများ၏   မူလ အခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့တွင် ဘာသာရေးနှင့်     ပတ်သက်၍ ပြဋ္ဌာန်းထားပြီး ဥပဒေအရ အာမခံ ချက်    ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ထဲ တွင်  ဥပဒေအရ  ပြဋ္ဌာန်းသည် ဖြစ်စေ၊    မပြဋ္ဌာန်းသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် ခံယူအပ်သည့်    သဘောထားဟု ယူဆကြောင်း။  


ဘာသာရေး     ဆိုသည်မှာ ငြိမ်းချမ်းမှု၊  တည်ငြိမ်အေးချမ်း မှုနှင့်     သာယာဝပြောမှုများကိုဆောင်ကြဉ်းပေးသည်သာ   ဖြစ် ကြောင်း၊ ဘာသာရေးကို အမှန် တကယ် ထိထိရောက်ရောက်ရိုးရိုး သားသားဖြင့်    ဆောင်ရွက်မည် ဆိုပါက      ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုကို များစွာ အထောက်အကူပြုစေမည်  ဖြစ် သည့်   အခြေခံပင်ဖြစ်ကြောင်း၊ ဘာသာတရားများ၏    အခြေခံ အားလုံးတွင် အဆိုပါအချက်များ ဖော်ပြထားသည်ကို  တွေ့ရမည် ဖြစ်ကြောင်း။


အသိအမှတ်ပြု


နိုင်ငံတော်အနေဖြင့် မိမိတို့ နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးဖြစ်သော်လည်း အခြား ဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး    လုပ်ဆောင် သင့် လုပ်ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ တော်တွင်   တည်ငြိမ်အေးချမ်းမှု များကို   ရရှိမည်ဟု    ယုံကြည် ကြောင်း၊    ကမ္ဘာ့နိုင်ငံများကို ကြည့်ပါကလည်း မိမိတို့နိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့်    နိုင်ငံများ ရှိသကဲ့သို့ ဘာသာတစ်ခုတည်းကို သာ   အခွင့်အရေးပေးပြီး   အခြား ဘာသာရေးများကို   အခွင့်အရေး မပေးသည့် နိုင်ငံများလည်းရှိသည် ကိုတွေ့ရကြောင်း၊    ထို့ကြောင့် အချို့နေရာများတွင် ဘာသာရေး အရ     ပဋိပက္ခများဖြစ်ပွားပြီး ဘာသာရေးအရ    တည်ငြိမ်မှု ပျက်ပြားခဲ့သည်များ  ရှိကြောင်း၊ အလားတူ     ဒေသအလိုက်တွင် လည်း   ဘာသာရေးအရဖြစ်ပွား သည့်  ပဋိပက္ခများကို ထိန်းသိမ်း ရန် ခက်ခဲသည်ကို တွေ့ရကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်မည် ဆိုပါက ဘာသာရေးအရဖြစ်ပွားခဲ့ သည့်   ပဋိပက္ခများ   နှစ်ပေါင်း များစွာဖြစ်ခဲ့ကြောင်း၊    မိမိခံယူ ချက်အရ       ပြောရမည်ဆိုပါက ဘာသာရေးကို  အကြောင်းပြု၍ တစ်ဦးနှင့်တစ်ဦး   အထင်အမြင် လွဲမှားမှု၊ ယုံကြည်မှုပျက်ပြားမှု များမဖြစ်အောင်   လုပ်သင့်သည် ဟု ယုံကြည်ကြောင်း၊   မိမိတို့နိုင်ငံ တွင် လွတ်လပ်ရေးရပြီးကာလတွင် ဘာသာရေးကို   အကြောင်းပြုပြီး ဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ ပြီး အဆိုပါဒေသအတွင်းရှိ ပြည်သူ များအနေဖြင့်    မကောင်းသည့် အကျိုးကို    ပိုမိုထိခိုက်ခံစားခဲ့ရ ကြောင်း၊    ထို့ကြောင့်    အဆိုပါ ဘာသာရေးဆိုင်ရာ ပဋိပက္ခများ မရှိအပ်ဟု ယုံကြည်ကြောင်း။


ပဋိပက္ခများကင်းဝေးစေမည်


မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ် ရေးမဆုံးရှုံးခင်ကာလက မြန်မာ နိုင်ငံ၏ မြို့တော်မှာ မန္တလေးမြို့ ဖြစ်ကြောင်း၊     ကုန်းဘောင် မင်းဆက်၏ နောက်ဆုံးမင်းဆက် ဖြစ်သည့်    မင်းတုန်းမင်းခေတ် ကာလအထိ  နိုင်ငံ့ခေါင်းဆောင် များက သာသနာပြုနှင့်ပတ်သက် ၍ ချီးမြှင့်ခဲ့သည့်    အစဉ်အလာ ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ်မှုအလိုက်    တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့    အသိ အမှတ်ပြုခြင်း၊   တန်းတူရည်တူ ရှိခြင်းနှင့် အပြန်အလှန်လေးစားသမှုပြုခြင်းများရှိနေသမျှ   ပဋိ ပက္ခများ    ကင်းဝေးစေမည်ဖြစ် ကြောင်း၊  လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်   ပေးအပ်ခြင်းများ ရှိခဲ့ သော်လည်း    နိုင်ငံတော်အဆင့် အသိအမှတ်ပြု      ချီးမြှင့်ခြင်း များ  မတွေ့ရှိရဘဲ   အခမ်းအနား များ  တက်ရောက်သည်များကို သာ တွေ့ရှိရကြောင်း။


လွတ်လပ်ရေး    ရရှိပြီးချိန်မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏    မြို့တော်အဖြစ် တည်ရှိခဲ့ပြီး     နောက်ပိုင်းတွင် နေပြည်တော်ကို နိုင်ငံ၏မြို့တော် အဖြစ်     ပြောင်းရွှေ့ခဲ့ကြောင်း၊ နေပြည်တော်တွင်   ဘာသာရေး ဆိုင်ရာနေရာနှင့် အဆောက်အဦ များ  အထိုက်အသင့်ရှိသည်ကို တွေ့ရကြောင်း၊   မိမိနိုင်ငံတော် တာဝန် စတင်ယူချိန်တွင် ဘာသာ ရေးဆိုင်ရာ   အချို့အခမ်းအနား များကို နိုင်ငံတော်ကို ကိုယ်စားပြု ၍      တက်ရောက်ချီးမြှင့်ခဲ့ပြီး လိုအပ်ချက်များရှိသည်ကို တွေ့ခဲ့ ရကြောင်း၊  ဘာသာရေးဆိုင်ရာ၊ သာသနာတော်      ပြန့်ပွားရေး ဆိုင်ရာကိစ္စရပ်များ  ဆောင်ရွက် နိုင်ရန်အတွက်    မြေနေရာများ လိုအပ်သည်ကို   တွေ့ရကြောင်း၊ အလားတူ နေပြည်တော်ကောင်စီ အနေဖြင့်လည်း   တင်ပြမှုများရှိခဲ့ ကြောင်း၊ ထို့ကြောင့်   မြေနေရာ များ   ချထားပေးနိုင်ရေး    စီစဉ် ဆောင်ရွက်ခဲ့ပြီး      ယနေ့အခမ်း အနား   ဖြစ်မြောက်လာခြင်းဖြစ် ကြောင်း၊   နိုင်ငံတော်အနေဖြင့် မြန်မာနှစ်သစ်ကူး     အခါသမယ အဖြစ်    နှစ်သစ်ကူးလက်ဆောင် အဖြစ်    အသိအမှတ်ပြု ချီးမြှင့် ပေးအပ်ခြင်းဖြစ်ကြောင်း။


ဗုဒ္ဓဘာသာနှင့်  ပတ်သက်၍ မိမိတို့နိုင်ငံသည်   ထေရဝါဒ   ဗုဒ္ဓ ဘာသာကို  အဓိကကိုးကွယ်ကြ ကြောင်း၊  မိမိတို့တာဝန်ယူချိန် တွင်  ကမ္ဘာပေါ်ရှိ       ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် များအနက်  ဉာဏ်တော်အမြင့် ဆုံးဖြစ်တော်မူသည့်  မာရဝိဇယ ဗုဒ္ဓ     ရုပ်ပွားတော်မြတ်ကြီးကို တည်ထား    ကိုးကွယ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင်  မြန်မာနိုင်ငံသည် ထေရဝါဒ      ဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံ၊ နေပြည်တော် သည်      ဗဟိုချက်ဖြစ်စေရေး ရည်ရွယ်ချက်ဖြင့်      တည်ထား ကိုးကွယ်ခဲ့ခြင်း     ဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားကြီးပရိဝုဏ်နှင့် ဆက်စပ်လျက်ရှိသည့် နေရာများ တွင်လည်း   ဘာသာရေးဆိုင်ရာ များ    ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့်     ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာ      ထေရဝါဒဗုဒ္ဓ တက္ကသိုလ်တစ်ခု တည်ဆောက် ရန် လျာထားကြောင်း၊ အလားတူ ထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ် တည်ဆောက်ရန်     လျာထား ကြောင်း၊   အိမ်နီးချင်း  အာဆီယံ နိုင်ငံများဖြစ်သည့်   ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ နှင့်  ဗီယက်နမ်နိုင်ငံတို့တွင်  ဗုဒ္ဓ ဘာသာကိုးကွယ်သူများ     ရှိကြ ကြောင်း၊ အလားတူ ဗုဒ္ဓမြတ်စွာ ဘုရား  ဖွားမြင်တော်မူရာနေရာ ဖြစ်သည့် နီပေါ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့်  နိုင်ငံ များဖြစ်သဖြင့်   ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင်   ၎င်းတို့၏   နိုင်ငံ ကိုယ်စားပြုသည့်    ကျောင်းများ လာရောက် တည်ဆောက်လိုပါက တည်ဆောက်နိုင်ရေး      နေရာ လျာထား    ဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ ပြည်တွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာများအတွက် လည်း သင့်လျော်သည့် ဘုန်းတော် ကြီးကျောင်းများ၊  စာသင်တိုက် များ တည်ဆောက်လိုပါကလည်း ခွင့်ပြုပေးရန် နေရာများသတ်မှတ် ထားပြီးဖြစ်ကြောင်း။


အတူတကွယှဉ်တွဲနေထိုင်


နေပြည်တော်ကောင်စီနယ်မြေ သည် ဘာသာပေါင်းစုံအတူတကွ ယှဉ်တွဲနေထိုင်ပြီး  ငြိမ်းချမ်းစွာ ဖြင့်   နေထိုင်နိုင်သည့်   နေရာ တစ်ခုဖြစ်ကြောင်း၊     နေပြည်တော် တွင်     ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နှင့်    ဟိန္ဒူ ဘာသာဝင်များ နည်းပါးကြောင်း၊ တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ဘာသာပေါင်းစုံ   နေထိုင်သည့် နေရာတစ်ခုဖြစ်အောင် ဆောင်ရွက် ပြီး နေပြည်တော်အား ဘာသာ ပေါင်းစုံကို    ကိုယ်စားပြုသည့် နေရာတစ်ခုဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင်  လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက လက်နက် ကိုင်ပဋိပက္ခများ   ဖြစ်ပွားလျက် ရှိသည်မှာ  ယနေ့အချိန်အထိပင် ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံ ရေး   အယူအဆ၊   တိုင်းရင်းသား ရေး     အယူအဆများပေါ်တွင် မူတည်၍     ဖြစ်ပေါ်လာသည့် ပဋိပက္ခများဖြစ်ကြောင်း၊ အဆိုပါ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊     ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) တွင် နိုင်ငံရေးအရ   လွတ်လပ်ခွင့်နှင့် ဘာသာရေးအရ လွတ်လပ်ခွင့်များ ကို    ထည့်သွင်းပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သည့် ပဋိပက္ခများမှာ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ ပြည်ပမှ    နိုင်ငံရေးအရ   သွေးထိုး လှုံ့ဆော်မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့်   ဘာသာ ရေးအရ  သွေးထိုးလှုံ့ဆော်မှုများ ကြောင့်     အကြမ်းဖက်သည့် နည်းလမ်းများဖြင့်   ဆောင်ရွက် လာခြင်းဖြစ်ကြောင်း၊    အဆိုပါ ဖြစ်ပေါ်နေသည့်    ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက်    ပြည်သူ ပြည်သားတိုင်း     သက်ဆိုင်ရာ ဘာသာတရားများ     အလိုက် ဘာသာရေး အသိများ     ရှိစေ ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း၊ လူများ၏  အသိများကို ပြုပြင်နိုင်သည်မှာ   ဘာသာရေး အသိပင်ဖြစ်ကြောင်း။


မိမိတို့၏ အန္တိမရည်မှန်းချက် သည် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာ  ပေါများရေးပင် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးအတွက်     လူတိုင်း လူတိုင်းသည်   တရားဥပဒေနှင့် အညီ    လုပ်ကိုင်စားသောက်၍ အေးချမ်းစွာဖြင့်    အတူတကွ ယှဉ်တွဲနေထိုင်လိုသည့် စိတ်ဓာတ် မျိုးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ    တစ်ဖက်သို့ အစွန်းရောက်မည်ဆိုပါက တစ်ဖက် နှင့်တစ်ဖက် လွန်ဆွဲရုန်းကန်နေ မည်ဖြစ်ပြီး  ခွန်အားများ  ကုန်ဆုံး နေမည်ဖြစ်ကာ   သာယာဝပြော မှုသည်လည်း    ဖြစ်လာနိုင်မည် မဟုတ်ကြောင်း၊     ထို့ကြောင့် ဘာသာပေါင်းစုံအသင်းအဖွဲ့များအနေဖြင့်    အလေးအနက်ထား ၍ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိ၏ ရည်ရွယ်ချက်သည် နေပြည် တော်ကို   ဗဟိုပြု၍   တိုင်းပြည် သာယာဝပြောရေးကို ဘာသာရေး ပိုင်းဆိုင်ရာမှ ဆောင်ရွက်ပေးနိုင် ရန်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လည်း   တရားဥပဒေစိုးမိုးရေးကို ဒီမိုကရေစီ အသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြမည် ဆိုပါက  အောင်မြင်နိုင်မည်ဖြစ် ကြောင်း။


စေတနာထား၍ဆောင်ရွက်


မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ သည် ကြိုးစားလိုစိတ်နှင့် အရည် အချင်းရှိသည့်၊     ဉာဏ်ရည် ထက်မြက်မှုရှိသည့်သူများဖြစ်ပြီး ပညာရှိ    အကျော်အမော်များစွာ ပေါ်ထွန်းခဲ့သည်ကို  တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ယင်းကို ဆက်လက် ထိန်းသိမ်းရန်နှင့်  ပိုမိုတောက်ပ လာစေရေးအတွက်  ဆောင်ရွက် ပေးရန်မှာ    လက်ရှိပစ္စုပ္ပန်တွင် နေထိုင်လျက်ရှိသည့်   မိမိတို့၏ တာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည် ၏ အနာဂတ်ကို ကောင်းစေလိုပါ က တိုင်းပြည်တွင်  နေထိုင်ကြသူ များ၏ အသိ၊ ပညာ၊ စိတ်ဓာတ်များ ကောင်းအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပြီး တိုင်းပြည်အပေါ်တွင် စေတနာထား၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်   ဘာသာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ဝိုင်းဝန်း     ဆောင်ရွက်ပေးကြ ရန်   မိမိအနေဖြင့်   မေတ္တာရပ်ခံ လိုကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်  တာဝန်ရှိသူများအနေဖြင့် လည်း   တိုင်းပြည်ကို   မည်သို့ ကောင်းအောင် ဆောင်ရွက်မည်ဆို သည့်စိတ်ဖြင့်   စေတနာထား၍ ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။


ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဘာသာရေး အသင်းအဖွဲ့များအတွက် ဘာသာ ရေးဆိုင်ရာ      လုပ်ငန်းများ   ဆောင်ရွက်ရာတွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ် နိုင်ရန်အတွက် မြေပေးမိန့်များကို ပေးအပ်ရာ ဗုဒ္ဓဘာသာကိုယ်စား လှယ်၊    ကက်သလစ်ခရစ်ယာန် ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်   ခရစ်ယာန်ဘာသာ ကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ် ဘာသာကိုယ်စားလှယ်၊    ရှီယာ အစ္စလာမ်ဘာသာ ကိုယ်စားလှယ်၊ ဟိန္ဒူဘာသာကိုယ်စားလှယ်တို့က လက်ခံရယူကြသည်။


ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား


ယင်းနောက်     ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများအလိုက် တာဝန်ရှိသူများက ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားရာ တွင်   ယခုကဲ့သို့   မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာ    အခါသမယတွင် မိမိတို့ဘာသာပေါင်းစုံ   အသင်း အဖွဲ့များအား    နှစ်သစ်မေတ္တာ လက်ဆောင်မွန်ကို ပေးအပ်ချီးမြှင့် သည့်အတွက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား    အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဘာသာရေး    အသင်းအဖွဲ့များ အပေါ်   ယခုကဲ့သို့   နိုင်ငံတော် အဆင့်    ချီးမြှင့်ပေးအပ်သည့် အတွက်     လွန်စွာဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း၊ ဘာသာ ပေါင်းစုံအသင်းအဖွဲ့များသည်ယခု အခမ်းအနားသို့ နိုင်ငံတော်မှ စီစဉ် ပေးသည့် လေယာဉ်တစ်စင်းတည်း ဖြင့်    လာရောက်ကြခြင်းဖြစ် ကြောင်း၊  အားလုံး  အတူတကွ ဆုံစည်း၍  လာရောက်တွေ့ဆုံရ ခြင်းသည်  လွန်စွာကြည်နူးဖွယ် ရာနှင့် အေးချမ်းသည့်  အခိုက် အတန့်ပင်ဖြစ်ပြီး မိမိတို့အားလုံး အတူတကွ     ပေါင်းစည်းသည့် အင်အားဖြင့် မိမိတို့ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု၊   သာယာ ဝပြောမှုတို့ကို  ဖော်ဆောင်ကြရ မည်ဖြစ်ကြောင်း၊    မိမိတို့သည် မြန်မာနိုင်ငံပေါ်တွင် နေထိုင်ကြသူ မြန်မာနိုင်ငံသားများ    ဖြစ်သည့် အတွက်    အမိမြန်မာနိုင်ငံတော် ကြီး၏အကျိုးကို     အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရမည်  ဖြစ် ပြီး   မိမိတို့ဘာသာရေးအသင်း အဖွဲ့များအနေဖြင့်လည်း   နိုင်ငံ တော်   တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း   ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ်မှု      ဘာသာတရားများ မတူကွဲပြားလျက်ရှိသော်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊   ဘာသာဝင် များအားလုံး   ငြိမ်းချမ်းစွာ   အတူ ယှဉ်တွဲနေထိုင်ရေးတို့တွင် တစ်စိတ် တည်း၊ တစ်ဝမ်းတည်းရှိနေရမည် မှာ အမှန်တရားပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မိမိတို့ဘာသာ ရေး  အသင်းအဖွဲ့များအတွက် မြေနေရာများ ပေးအပ်ချီးမြှင့်ခြင်း ကြောင့် မတူကွဲပြားသော ဘာသာ ဝင်များအားလုံး    အတူယှဉ်တွဲ ကိုးကွယ်နိုင်ရေးအတွက် စည်းလုံး ညီညွတ်ခြင်း    ပြယုဂ်ဖြစ်သော ဘာသာရေး အဆောက်အဦများ တစ်စုတစ်ဝေးတည်း  ပေါ်ပေါက် လာတော့မည်ဖြစ်ပါသဖြင့် နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား   ဘာသာ ပေါင်းစုံအသင်းအဖွဲ့များမှ အထူး ပင်     ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားများ ပြောကြားကြသည်။


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည်    ဘာသာ ပေါင်းစုံအသင်းအဖွဲ့များမှ ဥက္ကဋ္ဌ များ၊    တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


အခမ်းအနားအပြီးတွင် နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် က   တက်ရောက်လာကြသည့် ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊  တာဝန်ရှိသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ ပြီး    ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်