ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ နှစ်သစ်ကူးမင်္ဂလာဆုတောင်းစကားများ

 

ဦးစိန်သန်း (ဗုဒ္ဓဘာသာ) (ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့) (ဗဟို) 
အားလုံးမင်္ဂလာပါခင်ဗျာ


ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၄ ခုနှစ်ကို ရောက်ရှိလာတဲ့ မြန်မာနှစ်ဆန်း (၁) ရက် နှစ်သစ်ကူးအခါသမယနေ့ ဖြစ်ပါတယ်...


ယနေ့  နှစ်ဆန်း  (၁)   ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းကြီးက မြန်မာ ပြည်တွင်း နေထိုင်ကြသူများ အားလုံးနဲ့  ကမ္ဘာသူ/ ကမ္ဘာသားများအားလုံး ကျန်းမာရွှင်လန်းပြီး အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာဆုတောင်းအပ်ပါတယ်။

 


ဘာသာပေါင်းစုံ            ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးကလည်း ရှေ့လုပ်ငန်းစဉ် (၃) ရပ်ကို ချမှတ်ထားပါတယ်။ အဲဒီလုပ်ငန်းစဉ်များ ကတော့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  တစ်ဝန်းလုံးမှာ ဗုဒ္ဓ ဘာသာ၊   ဟိန္ဒူဘာသာ၊  ခရစ်ယာန်ဘာသာ၊  အစ္စလာမ်ဘာသာနဲ့ နတ်ကိုးကွယ်မှုဆိုပြီး ဘာသာအယူအဆတွေ မတူကွဲပြားသော်လည်း  ကိုးကွယ်ယုံကြည်သူ   ပြည်သူများဟာ  မိမိတို့   ယုံကြည်ကိုးကွယ်ရာ ဘာသာရေးနဲ့ အယူဝါဒကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရရှိနိုင် စေဖို့၊  မတူညီသော ဘာသာရေးနဲ့ အယူဝါဒကိုးကွယ်သူများအကြား  ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့အတူ တန်းတူညီစွာ ဆက်ဆံကြဖို့နဲ့  ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်ခြင်းကင်းပြီး မိမိတို့ ကိုးကွယ်တဲ့ ဘာသာရေးနဲ့ အယူဝါဒတို့ရဲ့ အဆုံးအမကို ခံယူပြီး အေးငြိမ်းချမ်းသာသော လူ့ဘောင် အသိုင်းအဝိုင်းကို ထူထောင်တည်ဆောက်နိုင်ဖို့၊ ဘာသာမတူ၊ လူမျိုး မတူ၊ ကိုးကွယ်ယုံကြည်မှု မတူညီကြသော်လည်း အမိမြန်မာနိုင်ငံတော် အတွင်း  အတူတကွမှီတင်းနေထိုင်ကြသူများဖြစ်တဲ့အတွက် မေတ္တာ  တရားရှေ့ထားကာ   အဖွဲ့အစည်းအချင်းချင်း၊     လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့်    အမိနိုင်ငံတော်အကျိုး၊      အမိနိုင်ငံတော်၏  အရေးကို   ချစ်ကြည်ရင်းနှီးစွာဖြင့်  ရှေးရှုပူးပေါင်းဆောင်ရွက်သွားဖို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     ဘာသာပေါင်းစုံ   ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ရဲ့ ၂၀၂၂ခုနှစ် ဧပြီ ၃ ရက်မှာ ကျင်းပပြုလုပ်တဲ့  (၄/၂၀၂၁၊ ၂၀၂၂) အလုပ်အမှုဆောင် အစည်းအဝေးက ရှေ့လုပ်ငန်းစဉ် တစ်ရပ်အဖြစ် အတည်ပြုဆုံးဖြတ်ထားပါတယ်။

 


ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းကြီးအနေနဲ့ မြန်မာ ပြည်ကြီးအတွင်း နေထိုင်ကြသူများအားလုံး အေးချမ်းသာယာပါစေ ကြောင်း ထပ်ဆင့်ဆုတောင်း မေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။

 


ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ) (ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့)  (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ


ဒီနှစ်သစ်မှာ   အားလုံးစိတ်သစ်လူသစ်နဲ့    အားလုံးအေးချမ်းပြီး စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အဆင်ပြေကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ တစ်ခုကတော့ နှစ်ဟောင်းမှာ စိတ်မချမ်းသာစရာ တွေ ကြားသိရတယ်။ ကျွန်တော်တို့ ဟိန္ဒူဗုဒ္ဓဘာသာအနေနဲ့ တစ်ခု လောက်တော့ မိဘပြည်သူများကို မေတ္တာရပ်ခံပြီး တင်ပြစရာရှိပါတယ်။  ဒါကတော့    ကိုဗစ်-၁၉  ရောဂါကြောင့်  တစ်ကမ္ဘာလုံး   ဒုက္ခရောက် ခဲ့ကြပြီး လူ့အသက်ပေါင်း များစွာဆုံးရှုံးခဲ့ကြရတယ်။ အဲဒီအတွက်ကြောင့်  တစ်ကမ္ဘာလုံးကလည်း စိတ်မကောင်းဖြစ်ကြရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ  မြန်မာနိုင်ငံသားတွေကလည်း  စိတ်မကောင်းဖြစ်ကြ ရပါတယ်။  ဒါတွေက   ဘာနဲ့သက်ဆိုင်သလဲလို့    ခံယူထားလဲဆိုရင် မေတ္တာတရား...   မေတ္တာတရားထားဖို့လိုပါတယ်။

 

  မေတ္တာတရားတွေ ထားရင် အဆင်ပြေမှာပါ၊ သတ္တဝါတွေပေါ်မှာလည်း မေတ္တာတရားထားဖို့ လိုပါတယ်။ မြန်မာပြည်ဟာ တစ်ကမ္ဘာလုံးမှာ ချမ်းသာတာတစ်ခုရှိပါ တယ်။ အဲဒီဟာကတော့ မေတ္တာတရားပါ။ ဆရာ၊ မိဘတွေကို အလွန် ရိုသေတဲ့ လူမျိုးဟာ ကမ္ဘာပေါ်မှာ မြန်မာပြည်က နံပါတ်တစ်ပါ။ ပြီးခဲ့တဲ့  နှစ်က စိတ်မချမ်းသာစရာတွေတွေ့ရတယ်။ မေတ္တာတရားတွေ ခေါင်းပါး  လာတယ်၊ ဆရာကို ဆရာမှန်းမသိ၊ ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်းမသိ၊  မိဘတွေကိုလည်း    ပြောချင်တိုင်းပြော   ဆိုချင်တိုင်းဆို၊    ဒါတွေကို နှစ်သစ်မှာ သင်္ကြန်ရေပက်ဖျန်းသလို ဆေးကြောလိုက်ပါ၊ ဆေးကြော ပြီးတော့ ဒီနှစ်သစ်မှာ မေတ္တာတရားထားလိုက်ပါ။ အစစအရာရာအောင်  မြင်ပါလိမ့်မယ်။  အခုချိန်ကစပြီးတော့   မြန်မာနိုင်ငံတော်ကြီး  ဖွံ့ဖြိုး တိုးတက်ပါစေ၊ ပြည်သူနဲ့ အစိုးရလက်တွဲပြီးတော့ နိုင်ငံတော်သစ်ကြီးကို ချီတက်ကြပါစို့လို့ နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

 


ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ) (ဒုတိယ ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့) (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ


၁၃၈၄ ခုနှစ် မြန်မာ့နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံသူ မြန်မာ နိုင်ငံသားများအားလုံး စိတ်ချမ်းသာပြီးတော့ ကိုယ်ကျန်းမာပါစေကြောင်း  ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်လူထုအနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ကြီးဆိုရင်လည်းပဲ လူမျိုး ပေါင်းစုံ၊        ဘာသာပေါင်းစုံ၊     တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်ပါတယ်။ စည်းလုံးချစ်ခင်ပြီးတော့  နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နေကြပါတယ်လို့ ပြောလို့ရပါတယ်။ ဘာသာမတူ လူမျိုးမတူပေမယ့် ချစ်ခင်လေးစားမှုကတော့ အပြန်အလှန် ရှိကြပါတယ်။ ဒီအင်အားနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြပါစို့၊ ပြည့်အင်အားသည် ပြည်တွင်း  မှာသာရှိသည်လို့ ကျွန်တော်တို့ အစ္စလာမ်လူထုက ယုံကြည်ထားပါတယ်။  အင်အားသည်    နိုင်ငံတော်အတွက်   အရေးကြီးပါတယ်။    ပြည်သူ့ အင်အားသည် နိုင်ငံ့အင်အားပဲ၊ ကျွန်တော်တို့ ပြည်သူပြည်သားတွေ အားလုံး စည်းလုံးချစ်ခင်စွာနဲ့ နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက် ရေး  လုပ်ကြပါစို့လို့   ကျွန်တော်အထူးပဲ မေတ္တာရပ်ခံပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာဖြစ်နေတဲ့  ကိုဗစ်- ၁၉ ရောဂါဟာ ကမ္ဘာတစ်ခုလုံးကို  တုန်လှုပ်စေခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့     ကြီးကြီးမားမားရိုက်ခတ်မှုတွေ   ရှိခဲ့ပါတယ်။ ဒီ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးပြီးတော့ နိုင်ငံသူ နိုင်ငံသားများအားလုံး  ကျန်းမာပါစေကြောင်း နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

 


ဒေါ်ခင်ခင်မေ   (ခရစ်ယာန်ဘာသာ)   (တွဲဖက်အတွင်းရေးမှူး၊ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့) (ဗဟို)
မင်္ဂလာပါရှင့် 


မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုး ရှိတဲ့အပြင် ဘာသာအယူဝါဒ များစွာကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီအတွက်လည်း ဘုရားသခင်ကို ချီးမွမ်းပါတယ်။ မြန်မာနိုင်ငံရဲ့ ယခု အချိန်မှာ အလိုအပ်ဆုံးဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို  ရေပက်မဝင်အောင်   တည်ဆောက်နိုင်ဖို့    ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့အနေနဲ့ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်သစ်ကူး အခါသမယမှာ အညစ်အကြေးများ၊ မကောင်းမှု များအားလုံးကို    ဆေးကြောသန့်စင်ပြီး   ကောင်းမွန်တဲ့    တိုင်းသစ်၊ ပြည်သစ်၊ လူသစ်၊  စိတ်သစ်နဲ့  လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ဖို့ အတွက် အချင်းချင်းမေတ္တာတရားနဲ့ ဘာသာပေါင်းစုံအားလုံး ချစ်ကြည် ညီညွတ်စွာ အတူလက်တွဲတည်ဆောက်နိုင်ဖို့အတွက် တိုက်တွန်းလို ပါတယ်။ တစ်ဆက်တည်းမှာပဲ လာမယ့်အနာဂတ်ကာလမှာလည်းပဲ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်ကြီး  တိုးတက်ဖွံ့ဖြိုးဖို့အတွက် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှာ ပါဝင်ဆောင်ရွက်တဲ့အခါမှာလည်း ပူးပေါင်း    ဆောင်ရွက်နိုင်ကြပါစေ၊       ပြည်သူပြည်သားအားလုံး ဘေးဘယာကင်းဝေးပြီး လူ့ဘောင်သစ်ကြီးဆီသို့ ချီတက်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ 


တွေ့ဆုံမေးမြန်း-လင်းလတ်ကြယ်၊ ကျော်ကျော်