ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
သဘောထားထုတ်ပြန်ချက်
၁၃၈၃ ခု၊ တပေါင်းလပြည့်ကျော်(၇)ရက်
၂၀၂၂ခုနှစ်၊ မတ်လ (၂၃) ရက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  မစ္စတာအန်တိုနီဘလင်ကင်က  ဟိုလိုကော့စ်အထိမ်းအမှတ် ပြတိုက်၌   မြန်မာတပ်မတော်အနေဖြင့်  ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်  လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်သည် ပကတိအခြေအနေမှန်များနှင့် လွန်စွာကင်းကွာလျက်ရှိပြီး ခိုင်လုံမှုမရှိသော/ မမှန်မကန် စွပ်စွဲချက်များအပေါ်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၂-၃-၂၀၂၂ ရက်နေ့တွင် ပြင်းထန်စွာ ကန့်ကွက်ပြီး ပြတ်သားစွာ ပယ်ချလိုက်ကြောင်း သဘောထား ထုတ်ပြန်ချက်အား  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား ထောက်ခံပါကြောင်း ထုတ်ပြန်အပ်ပါသည်။
                                                                  
                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)