
စစ်တွေ မေ ၂၃
မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပြည်သူများသို့ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို) မှ ဆက်နွှယ်သောလုပ်ငန်းရှင် မိသားစုများဖြင့် စုပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ တာပေါ်လင် (မိုးကာစ)များကို လှူဒါန်းခဲ့ကြ သည်။အဆိုပါ လှူဒါန်းမှုမှာ ၁၀ ဘီးကား ၁၆ စီးဖြင့် ဆန်အိတ်ပေါင်း ၃၁၉၃ အိတ်၊ ဆားပိဿာ ၁၅၀၊ ဆီပိဿာ ၆၅၀၀၊ တာပေါ်လင် (မိုးကာစ) အလိပ် ၅၀၀ တို့ ဖြစ်သည်။
စစ်တွေသို့ ထွက်ခွာမည့် ပစ္စည်းများတင်ဆောင်ရာ လှိုင်သာယာ မြို့နယ် စက်မှုဇုန်(၅)သို့ မေ ၂၂ ရက်က ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် အတွင်း ရေးမှူး ဦးအောင်မျိုးသန့် ဦးဆောင်သော အလုပ်အမှုဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)