ဘားအံမြို့ရှောင်လမ်း ရာခိုင်နှုန်းပြည့် ပြီးစီးတော့မည်

 

နေပြည်တော်   ဇန်နဝါရီ   ၂၁


ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူ များ   ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊     ယာဉ် မတော်တဆမှု   လျှော့ချရေး၊   အချိန်ကုန်သက်သာ၍   အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေးနှင့်  ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန် စေရေးအတွက်   ဘားအံမြို့ရှောင်လမ်းကို  တည်ဆောက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း  လမ်းဦးစီးဌာနမှ သိရသည်။

 


“လာမယ့် မတ်လဆိုရင်  ရာခိုင်နှုန်းပြည့် ပြီးစီးတော့မှာဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အနေနဲ့  လမ်းအသုံးပြုသူ   ပြည်သူတွေ    မြန်မြန်ဆန်ဆန်     အဆင်ပြေပြေ     အသုံးပြုနိုင်အောင်    ကြိုးပမ်း  ဆောင်ရွက်ရတာဖြစ်ပါတယ်။ မြို့ရှောင်လမ်းကို    စတင်ဆောင်ရွက်ခဲ့ တာက  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာဖြစ်ပါတယ်” ဟု   လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုက ပြောသည်။

 


ဘားအံမြို့ရှောင်   လမ်းသစ် အား ဘားအံမြို့  သံလွင်တံတား သုံးမြှောင့်မှစ၍   ကမော့ကစင်ရွာ ကိုဖြတ်ကာ      လှာကဒေါင်ရွာ အထိ   ဖောက်လုပ်ရန်     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မေလမှ စတင် ဆောင်ရွက်ခဲ့ခြင်း     ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့    ဒေသမှာ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း က ရှိနေတော့  ကုန်တင်ယာဉ်ကြီး တွေ သွားလာမှုများတယ်။  လမ်း အသုံးပြုသူများတယ်။  မြို့ရှောင် လမ်း ပြီးသွားရင်တော့ မြို့ထဲက ဖြတ်သန်းမသွားရရင် ယာဉ်ကြော မကျပ်တော့ဘူး။    အချိန်ကုန် သက်သာလာမယ်။ ကျွန်တော်တို့ လို  လမ်းအသုံးပြုသူ   ကုန်တင် ယာဉ်မောင်းသူတွေဟာ မြို့ရှောင် လမ်းကနေပိုပြီး   အဆင်ပြေပြေ သွားနိုင်တော့မှာ  ဖြစ်တဲ့အတွက် လမ်းပြီးမယ့်နေ့ကို   မျှော်လင့်နေ တာပေါ့” ဟု ဘားအံမြို့မှ  ကုန် တင်ယာဉ်မောင်း ဦးအေးဝင်းက ပြောသည်။

 


အဆိုပါ မြို့ရှောင်လမ်းသည် လမ်းမိုင်  လေးမိုင်   ရှည်လျားပြီး အကျယ် ၂၄ ပေ၊  နှစ်လမ်းသွား ဖြစ်ကာ      ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်မှု        လုပ်ငန်းများ  ရာနှုန်းပြည့်        ပြီးစီးသွားပါက   သထုံ-  ဘားအံ-  ကော့ကရိတ်-မြဝတီလမ်းမှ လှိုင်းဘွဲ့သို့  သွား ရောက်မည့်  ကုန်တင်ယာဉ်များ အနေဖြင့် ယခင်ကထက် ၁၁ မိုင် ၅ ဖာလုံခန့်  ခရီးပိုမိုတိုတောင်းစွာ သွားလာနိုင်မည်ဖြစ်သည်။

 


 “ဘားအံ မြို့ရှောင်လမ်းက သံလွင်တံတား  သုံးမြှောင့်လမ်းဆုံ ကနေ ကမော့ကစင်ရွာကိုဖြတ်ပြီး လှာကဒေါင်ရွာအထိ   လေးမိုင် အရှည်ရှိပါတယ်။  လှာကဒေါင်ရွာ ကနေ     ကမော့ကစင်ရွာအထိ မြေသားလမ်း ကျဉ်းလေးဖြစ်ပြီး ကျောက်တောင် ခြားထားပါတယ်။   ဒီကျောက်တောင်ကြား နေရာတွေ မှာအရင်က ယာဉ်သွားလာလို့  မရ ခဲ့ဘူး။   ဒါ့ကြောင့်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မေလမှာ   ကရင်ပြည် နယ်အစိုးရအဖွဲ့ရဲ့    အထွေထွေ  ပိုလျှံ ရန်ပုံငွေ  ကျပ် ၇၇၃ သန်း၊ ၂၀၂၁-၂၀၂၂ မီနီ ဘတ်ဂျက်  ၁၆၈၉ ဒသမ ၂၀၇ သန်း၊ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် ၄၀၇၂ ဒသမ ၆၄ သန်းနဲ့  မြေသားတာပေါင်တင် တာ၊ ကျောက်တောင်မိုင်းခွဲတာ၊ Box Culvert  တံတားငယ်များ  တည်ဆောက်တာ၊     ကျောက်စီ ရေမြောင်း၊      မြေထိန်းနံရံ  တည်ဆောက်ခြင်း၊ တြိဂံလမ်းဆုံ (အဝိုင်း)    လုပ်ငန်းများအား   ဆောင်ရွက်လျက်    ရှိပါတယ်။ ဘဏ္ဍာနှစ်မကုန်မီ  အားလုံးပြီးစီး ဖို့     ကြိုးပမ်းဆောင်ရွက်နေပါ တယ်” ဟု    လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုက ဆက်ပြောသည်။

 


လမ်းဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှောင်းပိုင်းတွင် ကမော့ကစင်ရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာ မှ  လှာကဒေါင်  ၅ ဒသမ ၁ ကီလိုမီတာအထိ လိုအပ် သော လမ်းတာပေါင်အကျယ် ရရှိ စေရန် ကျောက်တောင်အမာများ အား မိုင်းခွဲရှင်းလင်းခြင်း၊ ဖြတ်မြေ ဖို့ မြေလုပ်ငန်း  ဆောင်ရွက်ခြင်း၊ အမာခံရရှိစေရန် မိုင်းချီးခင်းကြိတ် ခြင်းနှင့်  ရေစီးရေလာကောင်းမွန် စေရန် Box Culvert ခြောက်စင်း ထည့်သွင်း   တည်ဆောက်ခြင်း စသည့်   လုပ်ငန်းများအတွက် ရန်ပုံငွေ စုစုပေါင်း ကျပ်  ၇၇၃ ဒသမ ၀၀၀ သန်းဖြင့်  ဆောင်ရွက် ခဲ့သည်။

 


ထို့အတူ ၂၀၂၁-၂၀၂၂ ခြောက်  လ  ဘဏ္ဍာနှစ်တွင်  သံလွင်တံတား သုံးမြှောင့်  သုည  ကီလိုမီတာမှ ကမော့ကစင်ရွာ  ၂ ဒသမ ၇၇၅ ကီလိုမီတာအထိ  ၂ ဒသမ ၇၇၅ ကီလိုမီတာအား    ဖြတ်မြေဖို့ မြေလုပ်ငန်းဆောင်ရွက်၍ မိုင်းချီး ခင်းကြိတ်ခြင်း၊   ပေ  ၂၀ သံကူ ကွန်ကရစ် တံတားတစ်စင်း၊ ၁၅ ပေ   သံကူကွန်ကရစ်   တံတား  တစ်စင်း၊ Box Culvert  ၁၀ စင်း တည်ဆောက်ခြင်းနှင့် ထုအခြေခံ လွှာခင်းခြင်း     လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကမော့ကစင် ရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာမှ လှာကဒေါင်   ၅ ဒသမ ၁ ကီလို မီတာအထိ ၂ ဒသမ ၃၂၅ ကီလို မီတာအား    ထုအခြေခံလွှာခင်း ခြင်း လုပ်ငန်းများ     ဆောင်ရွက် ခြင်းအတွက်   ရန်ပုံငွေစုစုပေါင်း ကျပ်  ၁၆၉၈   ဒသမ   ၂၀၇  သန်း ဖြင့် လုပ်ငန်းများ       ဆောင်ရွက် ခဲ့ကြောင်း           လမ်းဦးစီးဌာနမှ  သိရသည်။ 

 


“၂၀၂၂-၂၀၂၃  ဘဏ္ဍာရေး နှစ်မှာတော့ မြို့ရှောင်လမ်း သုည ကီလိုမီတာကနေ  ၆ ဒသမ ၄ ကီလိုမီတာအထိ  ၂၄ ပေ အကျယ် ကတ္တရာလမ်းသစ်    ခင်းတာနဲ့ ကွန်ကရစ်ခင်းတာ၊ Box Culvert ငါးစင်းတည်ဆောက်တာ၊ တံတား  သုံးစင်းချဲ့တာ၊  ပေ ၂၀  တံတား တစ်စင်း     တည်ဆောက်တာ၊ ကျောက်စီရေမြောင်း    ၁၈၀၀ မီတာပြုလုပ်တာ၊     ကျောက်စီ မြေထိန်းနံရံ  ၁၂၀၅  မီတာပြုလုပ် တာ၊     ဘားအံမြို့ရှောင်လမ်းနဲ့ သထုံ- ဘားအံ- ကော့ကရိတ်-မြဝတီလမ်းဆုံရာမှာ   အဝိုင်း ပြုလုပ်တာနဲ့   ဆက်စပ်လုပ်ငန်း တွေကို        ရန်ပုံငွေစုစုပေါင်း ကျပ်    ၄၇၂၀   ဒသမ ၆၄၄  သန်း နဲ့   ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးတော့  ပြည်နယ်ငွေလုံးငွေရင်း  (ဖြည့်စွက်)ရန်ပုံငွေ  ကျပ်  ၁၃၉ ဒသမ ၈၄၀ သန်းနဲ့ ကျောက်တောင် ချဲ့ခြင်းမိုင်းခွဲတာ၊ Gabion Wall ပြုလုပ်တာတွေလည်း ဆောင်ရွက် နေပါတယ်” ဟု  ညွှန်ကြားရေးမှူး က ရှင်းပြသည်။

 


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန် လုပ်ငန်းအားလုံး     ပြီးစီးသည့် အချိန်တွင် ဘားအံမြို့ရှောင်လမ်း သည် ၂၄ ပေအကျယ်  ကတ္တရာ လမ်း   ၃  မိုင် ၁  ဒသမ ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၆ ဒသမ ၅ ဖာလုံ ရှိမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန မှ သိရသည်။ 

သတင်းစဉ်