
ဘားအံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိ အမှတ်ပေး စည်းမျဉ်းနှင့်အညီ အောင်မြင်စွာ ဖြေဆိုနိုင်ရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်က ကရင် ပြည်နယ်တွင် ပညာသင်ယူနေကြ သော တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် များစွာ အထောက်အကူ ဖြစ်စေသလို ပညာကို ဆက်လက်ဖြန့်ဝေပေး ကြမည့် ဆရာ ဆရာမများအတွက် လည်း များစွာအကျိုးကျေးဇူး ရရှိမည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ သည် စနစ်ဟောင်းအတွက် နောက်ဆုံးနှစ် ဖြေဆိုခြင်းဖြစ် ဖြစ်ပြီး ကျောင်းသား ကျောင်းသူ များအတွက် ကြိုးစားဖြေဆိုရမည့် စာမေးပွဲလည်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေး မှူးရုံး ညွှန်ကြားရေးမှူး ဒေါ်နန့်ဆယ်လီလှိုင်က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ် ဟောင်းကို ဝင်ရောက်ဖြေဆို မည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ရွှေ့ပြောင်း ပြင်ပဖြေကျောင်း စုစုပေါင်း ၅၅ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၂၈၂၁ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း ပြောကြား သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေး ပွဲ အောင်ချက်မြင့်မားရေးဆွေးနွေး ပွဲကို ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်း ဘာသာရပ်များကို မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိ ကများ၊ လက်ထောက်ကထိက များက ဆရာ ဆရာမ ၂၉၄ ဦး အား ဆွေးနွေးသင်ကြားပေးပြီး ဇန်နဝါရီ ၁၃ ရက်တွင် ဘားအံ တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ လက်ထောက် ကထိကများက တက္ကသိုလ်ဝင် တန်းစနစ်ဟောင်း ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၂၈၂၁ ဦးအား ဘာသာရပ် အလိုက် ဆွေးနွေးသင်ကြားပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)