ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း)ကျောက်ချောလမ်းသစ်ဖွင့်

 

ဘားအံ   ဧပြီ   ၃


ဆောက်လုပ်ရေးဝန်ကြီးဌာန     ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း (သောဘုံလမ်း)   ကျောက်ချောလမ်းသစ်ဖွင့်ပွဲကို ဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။

 


ကျောက်ချောလမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်  ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် ကျောက်ချောလမ်းသစ်သည် အရှည်   ၃  ဖာလုံ သာရှိသော်လည်း ဘားအံ-စက်မှုဇုန်လမ်းနှင့် စက်မှု ဇုန်-မွေးမြူရေးဇုန် လမ်းတို့အား ဖြတ်လမ်းသဖွယ်ဖောက်လုပ်ထားခြင်းကြောင့် ဘားအံမြို့မှ ဘိုးဘွား ရိပ်သာ၊ စက်မှုဇုန်နှင့် မွေးမြူရေးဇုန်များသို့ သွားလာ ရာတွင် ငါးမိုင်ခန့် ခရီးတိုတောင်းသက်သာစေပြီး လမ်းခရီး တွင်ကျယ်မြန်ဆန်လာကြောင်း၊ မွေးမြူရေး ဇုန်အဝင်လမ်းကို ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာနှစ် ပြည်နယ်အထွေထွေရန်ပုံငွေကျပ် ၇၆  ဒသမ ၄ သန်း ဖြင့် ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ ကျောက်ချောလမ်း  ၃  ဖာလုံအား ဆောင်ရွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊   မွေးမြူရေးဇုန်တွင်လည်း   ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင်  ပြည်နယ်အထွေထွေ ရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် မြေသားလမ်း လေးမိုင်၊ Box Culvert ခြောက်စင်း၊ Pipe Culvert ၁၈ စင်း၊ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်  ခြောက်လဘတ်ဂျက် ၁၀၆ ဒသမ ၀၄၁ သန်းဖြင့် Box Culvert  ၁၁ စင်း၊ Pipe Culvert  ၁၀  စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း မြေသားလမ်း အရှည် လေးမိုင်အနက် အရှည်နှစ်မိုင်အား ကျောက် ချောလမ်းအဖြစ်    အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော် ဝင်းက လမ်းနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြပြီး ကော့ထော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက်      ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊  ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊  ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊   သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး       ဦးစန်းကိုတို့က ကျောက်ချောလမ်းသစ်အား   ဖဲကြိုးဖြတ်ဖွင့်လှစ်  ပေးကြပြီး  လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးကာ လမ်းဖွင့်ပွဲတွင်  လာရောက်ကပြဖျော်ဖြေ ကြသည့်    ယဉ်ကျေးမှုဒုံးအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်   မွေးမြူရေးဇုန်အဝင်လမ်း  (သောဘုံလမ်း)ကျောက်ချောလမ်းမှတစ်ဆင့် မွေးမြူရေးဇုန်သို့ သွား ရောက်ပြီး ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဒေါက်တာ အောင်မြင့်ဟန်နှင့် ဘားအံခရိုင် အုပ်ချုပ်ရေးမှူး  ဦးအောင်လွင်တို့က မွေးမြူရေးဇုန် ၁၃၇ ဒသမ ၄၆   ဧကပေါ်တွင် အကွက်ပေါင်း ၁၀၆ ကွက်၌ ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေးတောင် သူများအား နေရာချထားပေးမှုနှင့် ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော်ဆောင်ရွက်နေမှု   အခြေအနေများကို ရှင်းလင်းတင်ပြကြရာ    ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ကမ်းနား လမ်းရှိ မြို့မဘောလုံးကွင်းအား ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၄၀ ဖြင့် (၁၀၅ ပေx ၃၆ ပေ) ပွဲကြည့်စင်၊ ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန်၊ ခြောက်ခန်းတွဲ အများသုံး သန့်စင်ခန်း၊ ရေပေးဝေရေးစနစ်၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ   ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက မြို့မဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍  လိုက်လံရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး မှာကြားခဲ့ ကြောင်း သိရသည်။  

စောမျိုးမင်းသိန်း(ပြန်/ဆက်)