ဘားအံမြို့၌ သံလွင်မြစ်ရေပြန်လည်ကျဆင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့

 

ဘားအံ  ဩဂုတ်  ၁၂
ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရမ်ရေမှတ် ၇၅၀  စင်တီမီတာအထက်   ၉၁၆ စင်တီမီတာအထိ    မြင့်တက်ခဲ့ပြီး ဩဂုတ်  ၁၂  ရက်  နံနက်ပိုင်း တိုင်းတာချက်များအရ   ၈၇၀ စင်တီမီတာအောက်သို့ ပြန်လည် ကျဆင်းသွားရာ  ကရင်ပြည်နယ်  ဝန်ကြီးချုပ်   ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ  ဦးဆောင်၍ ရေကြီးနစ်မြုပ်ခဲ့သော ကမ်းနား လမ်းတစ်လျှောက်နှင့် ဘုန်းတော် ကြီးကျောင်းများ၊ စာသင်ကျောင်း များ၊ အများပြည်သူနှင့်  သက်ဆိုင် သော     နေရာများတွင်     စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်သည်။
ထိုသို့   ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များမှ     တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊    ရပ်ကွက်နေ ပြည်သူများ     ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး   ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးသတ် ယာဉ်များ၊    ရေသယ်ယာဉ်များ အသုံးပြု၍     ကမ်းနားလမ်း တစ်လျှောက်တွင်  တင်ကျန်နေ  သော  ရွှံ့နွံနုန်းမြေများ၊ အမှိုက် သရိုက်များကို ဖယ်ရှားရှင်းလင်း မှု၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းခွဲတွင်    စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် နေမှုများ၊ အမှတ် (၈) ရပ်ကွက် ထောင်ဝိကွင်းတွင်   စိုက်ပျိုးပြီး မိုးစပါးဧကများ ရေလွှမ်းမိုးထိခိုက် မှုအခြေအနေများ၊    အမှတ်(၄)ရပ်ကွက် မြို့တော်ဦးဘုန်းတော် ကြီးကျောင်း    ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး    လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု  စစ်ဆေးကာ မြို့တော်အင်္ဂါရပ်များနှင့်   အညီ သန့်ရှင်းသာယာ   လှပစေရေး၊ အခြေခံပညာကျောင်းများ ရေကျ သည်နှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး နှင့် လိုအပ်သည်များကို  တာဝန်ရှိ သူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် ဘားအံမြို့ အမှတ်(၄)ရပ်ကွက် အမှတ်  (၁၁)  အခြေခံ ပညာမူလတန်းကျောင်း ရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၁)ရပ်ကွက် သုမေဓါရာမကြားတောရ    ဘုန်းတော်ကြီးကျောင်း ရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ရွှေဝါခန်းမ  ရေဘေးကယ် ဆယ်ရေးစခန်းနှင့်  အမှတ်  (၁)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမတို့တွင် ယာယီပြောင်းရွှေ့ နေထိုင်သော ရေဘေးသင့် ပြည်သူ များအား   တွေ့ဆုံအားပေးပြီး ရေဘေးသင့်  အိမ်ထောင်စုများ အတွက်    ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ် ကာ ကယ်ဆယ်ရေးစခန်းအတွင်း     စနစ်တကျ    နေရာချထားပေးမှု၊ ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက် စွာ    စီစဉ်ဆောင်ရွက်ပေးထား မှု၊  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ  စီစဉ်ဆောင်ရွက် ပေးထားမှု    အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် ဝင်ဖရကျောင်းကြီး    ဆရာတော် ဘဒ္ဒန္တ     တေဇောဘာသအား သွားရောက်ဖူးမြော်၍ သာသနာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါ   ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်    ယာယီပြောင်းရွှေ့ နေထိုင်သော ရေဘေးသင့်ပြည်သူ များအား  တွေ့ဆုံကာ   ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်  ပစ္စည်းများကို ထောက်ပံ့ပေးထားပြီး    လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့သည့် တစ်ဦးလျှင်  ဆန် ရိက္ခာဖိုး ငွေကျပ်   ၉၀၀၀  နှင့် စားသောက်ကုန်များ၊ ယနေ့ထပ်မံ ထောက်ပံ့မည့် ခေါက်ဆွဲခြောက် နှင့်ကြက်ဥများကို ပေးအပ်သွား မည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ် မိုးစပါးဧကများ ရှိပါက စာရင်းပြုစု တင်ပြပေးစေလိုပြီး  မျိုးစပါးနှင့် သွင်းအားစုများ  ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားပြီး  အိမ်ထောင်စု   ၃၅   စု၊ လူဦးရေ ၁၅၅ ဦးအတွက် ဆန် ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ပစ္စည်း များကို ပေးအပ်သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ဘားအံမြို့ အမှတ်(၉)ရပ်ကွက်    ပြည်နယ် ကမ္မဋ္ဌာန်းကျောင်း  ဆရာတော် ဘဒ္ဒန္တသုဇာတအား    ဖူးမြော် ကြည်ညို၍  လှူဖွယ်ဝတ္ထုပစ္စည်း များ  ဆက်ကပ်လှူဒါန်းကာ အဆို ပါ   ဘုန်းတော်ကြီးကျောင်းတွင်   ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၈၅ စု၊ အမှတ် (၃)  အခြေခံပညာအထက်တန်းကျောင်း တွင်  ယာယီပြောင်းရွှေ့နေထိုင် သော အိမ်ထောင်စု ၂၅၁စု တို့အား ရင်းရင်းနှီးနှီး  သွားရောက်တွေ့ဆုံ အားပေးစကား    ပြောကြားပြီး ခေါက်ဆွဲ၊ ကြက်ဥ အစရှိသော စား သောက်ကုန်ပစ္စည်းများထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)