
ဘားအံ ဩဂုတ် ၂၅
ကရင်ပြည်နယ် ဘားအံမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ဇာသပြင်ဈေးသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဇာသပြင်ကျေးရွာ ရှိ အဆိုပါဈေးသစ် တည်နေရာ၌ ကျင်းပသည်။
ဈေးသစ်ဖွင့်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ဇာသပြင်ဈေးသစ် ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်း ကျောက်စာ ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ကာ အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော် ဝင်းနှင့် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရ မြင့်သူတို့က ဇာသပြင်ဈေးသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ကာ ဈေးအတွင်း ဈေးသူ၊ ဈေးသားများ၏ ရောင်းဝယ် ဖောက်ကားနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ (အောက်ပုံ)
ဇာသပြင်ဈေးသည် ယခင်က လမ်းဘေး နှစ်ဖက်တွင်သာ တည်ခင်းရောင်းချခဲ့ကြပြီး လမ်း သွားလမ်းလာ မော်တော်ယာဉ် များနှင့် ကျဉ်းမြောင်းစွာ ဈေးရောင်းဈေးဝယ် ပြုလုပ် ကြရသည့်အတွက် ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၂၆၇ ဒသမ ၈၄ သန်းဖြင့် ဈေးရုံလေးရုံ၊ ဆိုင်ခန်း ပေါင်း ၁၅၂ ခန်း ပါဝင်သည့် ဈေးသစ်ကြီးကို သံလွင်ဖားစည် မြေကုမ္ပဏီက တာဝန်ယူ တည် ဆောက်ပေးကာ တစ်ပိုင်တစ်နိုင် ရောင်းချသူများ အဆင်ပြေစေရန် ပျံကျဈေးကွက် နေရာ ၁၀၀ ကျော် ပါဝင်၍ ကုန်စိမ်း၊ ကုန်ခြောက်၊ သား၊ ငါး၊ အဝတ်အထည် အစရှိသည့် ကုန်မျိုးစုံကို ဈေး အင်္ဂါရပ်များနှင့်အညီ ရောင်းချ နိုင်ရေး ဆောက်လုပ်ပေးထား ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဘားအံမြို့နယ် သံလွင်အနောက် ခြမ်း ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု ကြာအင်း ပေါ်တော်မူ ဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဘိလပ် မြေအိတ် ၃၀၀ နှင့် ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်း များ၊ ပါးစပ်နှင့်နှာခေါင်းစည်း များ၊ နဝကမ္မအလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)