အဝါရောင်အဆင့် မုန်တိုင်းငယ်ဖြစ်ပေါ် ၊ မြန်မာနိုင်ငံဘက်ဦးတည်မည့် အခြေအနေမရှိ

 

နေပြည်တော်    မေ    ၇


ယနေ့   ညနေ ၆ နာရီခွဲ   တိုင်းထွာချက်များအရ   ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းနှင့်  ယင်းနှင့်  ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင်   ဖြစ်ပေါ်နေသော  မုန်တိုင်းငယ်သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊  အိန္ဒိယနိုင်ငံ  ပို့ပလဲယား၏ အနောက်တောင်ဘက် ရေမိုင် ၁၅၅ မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၆၃၀ မိုင်ခန့်၊ ပူရီမြို့၏ အရှေ့တောင် ဘက် ရေမိုင် ၆၅၅ မိုင်ခန့်၊   မြန်မာနိုင်ငံ   ကိုကိုးကျွန်းမြို့၏    အနောက် တောင်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက် တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်အကွာ  ပင်လယ်ပြင်ကို    ဗဟိုပြုနေ သည်။

 


မုန်တိုင်းငယ်၏   လက်ရှိအခြေအနေမှာ  မြန်မာနိုင်ငံဘက်သို့  ဦးတည်ရွေ့လျားမည့်  အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 


အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တွင် မြောက်လတ္တီကျု ၁၀ ဒသမ ၀ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၉၀ ဒသမ   ၆ ဒီဂရီတွင်ရှိပြီး၊     ဗဟိုချက်  လေဖိအား ၁၀၀၂   ဟက်တို  ပါစကယ်နှင့်    အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်  ၃၀ နှုန်းခန့် ဖြစ်ပါသည်။ 

 


အဆိုပါ မုန်တိုင်းငယ်သည်  အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး   နောက် ၂၄ နာရီအတွင်း  ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့  ပိုမိုအားကောင်း လာနိုင်ကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး  (၁၀.၅.၂၀၂၂)ရက်တွင်  ဘင်္ဂလားပင်လယ်အော် အနောက်အလယ် ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းလွန်- ဩရိဿကမ်းခြေ)သို့  ရောက်ရှိနိုင်ကာ ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ပြီး   ဘင်္ဂလားပင်လယ်အော်    အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ ဩရိဿကမ်းလွန်)သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရသည်။

 


သတိပေးနှိုးဆော်ချက်  


အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ မေ ၁၂ ရက် အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်၊  ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ် ချုန်းရွာနိုင်ကာ၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးနိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။

 


အကြံပြုချက်


သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊  မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်သည်။


မိုး/ဇလ