
အုတ်တွင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ပြည်သူများ လိုက်နာနေထိုင်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အုတ်တွင်းမြို့အတွင်း လှည့်လည်အသိပညာပေး လိုက်လံ နှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာ တွင် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌ သာနေထိုင်ကြရန်၊ ပြည်သူများအနေဖြင့် မိမိတို့အိမ်တွင် ပြင်ပမှလာသောဧည့်သည် များ လက်မခံပါရန်နှင့်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြု ကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်း စည်းကို စနစ်တကျတပ်ဆင်ရန်၊ တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ နှာခေါင်း စည်း မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှရှောင်ကြဉ်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် စနစ် တကျဆေးကြောရန် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိမိတို့နေအိမ် ပြတင်းတံခါး များဖွင့်ပြီး လေဝင်လေထွက်ကောင်း အောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်းများကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင် ခြင်းမပြုလုပ်ရသေးမီ အိမ်သား များနှင့် အနီးကပ်မထိတွေ့ကြပါနှင့်၊ သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ရောဂါပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုအမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင် ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်း များကို မိဘပြည်သူများအားလုံး ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် စသည့်အချက်များကို တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)