
အုတ်တွင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် တွင် ဆင်းရွှေကြာ-၂ မျိုး ဆီထွက်သီးနှံ နေကြာ ဧကပေါင်း ၂၁၂ ဒသမ ၅ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း နေကြာစိုက်ပျိုးနိုင် သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုး နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ရေးအစီအစဉ်အရ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့်တောင်သူများထံသို့ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ ပြည် ၄၀၀ ကို အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆင်းရွှေ ကြာ-၂ နေကြာသီးညှပ်စိုက်ပျိုးခြင်းကို ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နေကြာသီးညှပ်စိုက်ဧက ၂၁၂ ဒသမ ၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အတွင်း လာမည့်ဆောင်းသီးနှံတွင် နေကြာသီးညှပ် စိုက်ဧက ၃၂၂၂ ဧကနှင့် နေကြာသီးသန့်ဧက ၃၅ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ခင်ခင်မာ(ပြန်/ဆက်)