
နေပြည်တော် ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး အုတ်ဖို မြို့နယ် ပဲခူးရိုးမအတွင်းရှိ ဆင်တဲ ကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါး ချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်း စောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်းကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါ ကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာ ခြင်းမရှိသူများကို ပစ်သတ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်တွင် ခြိမ်းခြောက်ပြောဆို နေကြောင်း သတင်းတု၊ သတင်းမှား များကို Khit Thit Media က မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အထက်ပါ သတင်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ကျေးရွာများကို ယခုနှစ် ဇန်နဝါရီလအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိကြောင်း နှင့် ပြည်သူများအား ရွာများမှ ထွက်ခွာခိုင်းခြင်းများ မရှိကြောင်း သိရှိရသည်။
မဟုတ်မမှန်ရေးသားဖြန့်ဝေ
အလားတူ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဘီးလင်း မြို့နယ် တက်တူကုန်းကျေးရွာထဲ သို့ တပ်မတော်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်ရာ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူသုံးဦးသေဆုံး၍ ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း သတင်းတု၊ သတင်းမှားများကို Khit Thit Media က မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ၁၉ ရက် (ယနေ့)တွင် သိမ်ဇရပ်မြို့နယ် အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွား မှုများမရှိကြောင်း သိရှိရသည်။
လုံခြုံရေးဆောင်ရွက်
အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်နှင့် ပြည်သူများမှ နယ်မြေ ဒေသ လုံခြုံရေးဆောင်ရွက်နေ သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် အတွက် သတင်းတု၊ သတင်းမှား များကို လူမှုကွန်ရက်တွင်အမျိုးမျိုး ရေးသား ဖြန့်ဝေနေကြောင်းသတင်းရရှိရသည်။
သတင်းစဉ်