
နေပြည်တော် ဖေဖော်ဝါရီ ၁၅
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ ဒသမအစည်းအဝေးကို ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၃၊ ၄၊ ၅၊ ၆) ရက်၊ ၂၀၂၂ ခုနှစ်၊ မတ်လ(၄၊ ၅၊ ၆၊ ၇)ရက်၊ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၇၊ ၈)ရက်၊ ၂၀၂၂ ခုနှစ်၊ မတ်လ(၈၊ ၉)ရက်၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် (၄၇) ပါးစုံညီ ဒသမအစည်းအဝေးကြီးကို ကျင်းပ မည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သည် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၃ရက်၊ ကြာသပတေးနေ့အရောက် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများ ပင့်လျှောက်ထားပြီး ဖြစ်သည်။
ထို့ပြင် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးနှင့် စတုတ္ထအစည်းအဝေးကို ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂) ရက်၊ ၂၀၂၂ ခုနှစ်၊ မတ်လ(၁၁၊ ၁၂၊ ၁၃)ရက်၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တို့တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်ကြီးများသည် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၉)ရက်၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၀) ရက်၊ ကြာသပတေးနေ့အရောက် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။
ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက် များအတိုင်း ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေသို့အရောက် ကြွရောက် ပေးတော်မူကြပါရန် ပင့်လျှောက်ထားကြောင်း သာသနာရေးဦးစီး ဌာနမှ သတင်းရရှိသည်။
သတင်းစဉ်