
ရန်ကုန် မတ် ၁၂
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပ သည်။
အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ က သဘာပတိအဖြစ်ဆောင်ရွက်တော်မူပြီး အခမ်း အနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော် ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက ဆောင်ရွက်သည်။
ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူ လာကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော်များ အရေအတွက်ကို ဖတ်ကြားလျှောက်ထား ပြီး ၈၆ ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး ထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် ဖြန့်ဝေဆက်ကပ်ထားသည့် အစီ အစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ခဲ့သည့် ဝိနိစ္ဆယရေးရာအစီရင် ခံစာကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ပညာသီဟာ ဘိဝံသက လည်းကောင်း၊ သာသနာရေးရာ အစီရင် ခံစာကို မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထေရိယ ကလည်းကောင်း၊ ပညာရေးရာအစီရင်ခံစာကို အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ကလည်းကောင်း ဝေဖန်ဆွေးနွေး လျှောက်ထားတော် မူသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ခဲ့ သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက ရှင်းလင်းပြန်ကြားပြီး အတည်ပြု ချက်ရယူကာ နံနက်ပိုင်းအစည်းအဝေးကို ရပ်နား သည်။
မွန်းလွဲ ၁ နာရီတွင် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်း ကြေညာ၍ အစည်း အဝေးကို ဆက်လက်ကျင်းပသည်။
ယင်းနောက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အဋ္ဌမ အကြိမ် ပထမ(၃)နှစ်သက်တမ်းတွင် အနားယူသွား ကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများ၏ အမည်စာရင်းကို တင်သွင်းလျှောက်ထား သည်။
ဆက်လက်၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူ သောနေရာများ၌ အခြေခံစည်းမျဉ်းသစ်အရ အစား ထိုး ရွေးချယ်ခံရသည့် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ၏ အမည်စာရင်း ကို အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က တင်သွင်းလျှောက်ထားပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က အတည်ပြုချက်ရယူသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဆရာတော်များနှင့် တွဲဖက် အကျိုးတော်ဆောင်ဆရာတော်များ၏ အမည်စာရင်း ကို ဥက္ကဋ္ဌဆရာတော်ကြီးက ဖတ်ကြားတင်သွင်း လျှောက်ထား၍ သံဃဆန္ဒရယူကာ အတည်ပြုချက် ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ အစည်းအဝေးအစီအစဉ် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြ သည့် ဆရာတော်ကြီးများကို မိခင်ကြီး ဒေါ်တင်ဝင်းရီ အား အမှူးထား၍ (ဦးမောင်မောင်ဆွေတင်)ဇနီး ဒေါက်တာ ဒေါ်မြသီတာ (သီဟသုဓမ္မသိင်္ဂီ)သမီး အမရာဆွေတင်၊ ကိုထက်မြက်ဦး + အိန္ဒြေမဒီဆွေတင်၊ သား လင်းမောင်မောင်ဆွေတင်နှင့် လင်းညီညီ ဆွေတင် မိသားစု(SI)ကုမ္ပဏီ အမှတ် - ၃၃ ဗိုလ်ရာ ညွန့်လမ်း ဒဂုံမြို့နယ်က တစ်နေ့တာဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
သတင်းစဉ်